အခန်း ​၆၈ ။ နတ်ဆိုး​သားရဲ​များ လာကြပြီ

17 2 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်

June 13, 2024

အခန်း ​၆၈ ။ နတ်ဆိုး​သားရဲ​များ လာကြပြီ

ရှန်းရူယန်က ပြုံး​ရင်း

“ကျွန်မ​အထင်မမှားရင် ဒီအတောအတွင်းမှာ ဉာဏ်အလင်း​တစ်ခုပွင့်သွားခဲ့တယ်လေ၊ နတ်ဆိုး​သား​ရဲ​ကိစ္စပြီးရင် ကျီဖုနယ်ပယ်ကို ကျွန်​မတက်လှမ်းနိုင်လိမ့်မယ်”

“တကယ်​ကြီး​လား”

ကျန်း​ချန်​ရွှမ်မှာ ရူယန့်စကားကြောင့် တုန်​လှုပ်သွားသည်။ ရှန်း​ရူယန်​တစ်ယောက်​ ဤမျှအထိ မြန်​မြန်​ဆန်​ဆန်တိုးတက်လာလိမ့်မည်ဟု သူမထင်​ထား​ခဲ့ပါ။ သုံးနှစ်ဆိုသည့်ကာလမှာ ကျင့်ကြံမှုလောကတွင် အချိန်​တိုတစ်ခုသာဖြစ်သော်လည်း ရူယန်​သည် ကျီ​ဖုအဆင့်ကို တက်​လှမ်းခါနီး တံခါး​ဝတွင် ရောက်​ရှိ​နေ​ပြီ​ဖြစ်သည်။ ကျန်းချန်​ရွှမ်အတွေး​ကို​ သိနေသည့်အလား ရှန်းရူယန်​သည် ပြုံးရင်း ခေါင်းခါပြလိုက်သည်။

“မအံ့သြပါနဲ့ ကျွန်​မ ဒီအခြေအနေရောက်တာ အတိတ်​ဘဝက ပါရမီ​ဖြည့်တင်းခဲ့မှုကြောင့်ပါ။ တကယ်​ချီးကျူးရမှာက ရှင်ပဲ၊ သုံး​နှစ်မပြည့်ခင်အတွင်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီပဲ၊ ဂုဏ်​ယူပါ​တယ်​ရှင်”

ထို​စဉ် ယွီဟွာတောင်၏ အဓိက​တောင်​ထွတ်ပေါ်မှ အရေး​ပေါ်​ခေါင်း​လောင်းသံ မြည်လာသည်။ ထို​ခေါင်း​လောင်း​မှာ အရေးကြီး​ကိစ္စ​ရှိသည့်​အခါ​တွင်သာ အသုံးပြုသည်ဖြစ်၍ နှစ်​ဦး​သားမှာ တစ်ယောက်​မျက်နှာ​တစ်ယောက်​ ကြည့်မိလိုက်ကြသည်။ ထို့နောက်​ အချိန်​မဆွဲဘဲ ဂူထဲမှ​အလျင်အမြန်​ထွက်ပြီး တောင်​ထွတ်ရှိရာသို့ ဦးတည်လိုက်သည်။

တောင်​ထွတ်ပေါ်တွင် ဘိုး​ဘေး​ယွမ်လုံက တစ်ယောက်​ပြီး​တစ်ယောက်​ ရောက်ရှိလာကြသော အကြီး​အကဲများကို လေးနက်တည်ကြည်စွာ ကြည့်ရှု​နေသည်။ လူစုံသောအခါ ရှန်း​ယွမ်လုံက​

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now