အခန်း​ ၈၄ ။ ဟုန်​မိသားစု​မှ စေလွှတ်​သူ (၁)

18 2 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်

June 18, 2024

အခန်း​ ၈၄  ။ ဟုန်​မိသားစု​မှ စေလွှတ်​သူ (၁)

ကျန်း​ချန်​ရွှမ်နှင့် ရှန်းရူယန်တို့ ဝေစု​စာရင်း​တွင်​ ပါဝင်​သည့်​ ရတနာ​ပစ္စည်း​များကို ကြည့်ပြီးနောက် ပထမဆုံး​သတိပြု​မိသည့်အရာမှာ မီးဓာတ်​သလင်း​ကျောက်​များ​ဖြစ်​ပြီး​ ထိုရတနာများမှာ အခြေခံ​တည်ဆောက်​မှု​အဆင့် ကျင့်ကြံသူများကို ကျီဖုအဆင့်သို့ တက်လှမ်း​ရာတွင်​အထောက်​အကူ​ပြု​သည့်ပစ္စည်းများဖြစ်သည်။ ရရှိ​သော သလင်းကျောက်မှာ သုံး​မျိုး​ဖြစ်ပြီး​ သစ်သား​ဓာတ်​ အဇူရာနဂါး သစ်သား​သလင်း​ကျောက်၊ မြေဓာတ်အခြေခံ ဝိညာဉ်​သလင်း​ကျောက်​နှင့်​ သတ္တု​ဓာတ်​ အဖြူရောင်​ဧကရာဇ်​ ရွှေသလင်းကျောက်​တို့ဖြစ်ကြသည်။

ထို့ပြင် ကျင့်ကြံသူ၏ သွေးကြော​နှင့် စိတ်​ဝိညာဉ်​ကို ကာကွယ်​ပေးသည့် ​ခရမ်းရောင်​စစ်​မှန်​မှု​ဆေးပြား​လည်း စာရင်း​တွင်ပါဝင်သည်။ သို့​သော်​ ထိုရတနာများကို လဲလှယ်​ရမည့် ထောက်ပံ့မှုအမှတ်များမှာ မယုံနိုင်စရာ မြင့်​မားလှသည်။ သို့​သော်​ ကျန်း​ချန်​ရွှမ်​တို့ ဇနီးမောင်နှံ​အတွက်တော့ ပြဿနာ​မရှိ​ပါ။ ထို​ရတနာ​များမှာ သူတို့​အတွက် အသုံးဝင်သည်ဟု မဆိုနိုင်ပါ။

သို့သော်​ ရှန်းရူယန်​သည် သူမမှာရှိထားသော ထောက်ပံ့မှုအမှတ်​များ​ကို အသုံးပြု၍ ခရမ်းရောင်​စစ်​မှန်​မှု​ဆေးပြားကို လဲလှယ်​ရယူလိုက်သည်။ သူ​မအတွက်​ မလိုအပ်သော်လည်း မိသားစုမှ အခြေခံ​တတည်ဆောက်မှုအဆင့် ကျင့်ကြံသူများအတွက် ဝယ်ယူ​လိုက်​ခြင်းဖြစ်သည်။ ကြက်​သွေး​ရောင်​ရွှေ​သတ္တု​တွင်းမှ ရရှိထားသော မီးလျှံသလင်းကျောက်​နှင့်​ပေါင်း​လျှင်​ ရှန်း​မိသားစု​မှ ကျီဖုအဆင့်​ကျင့်ကြံသူ​ နောက်တစ်ဦးထွက်​ပေါ်​လာရန် အခွင့်​အလမ်းပိုများလာမည်ဖြစ်သည်။ ဤသည်မှာ မိမိ​ကို ကျွေးမွေး​စောင့်​ရှောက်​လာသော မိသားစု​ကို​ ရှန်းရူယန်​အနေနှင့် ကျေးဇူးပြန်ဆပ်လိုက်ခြင်းဖြစ်သည်။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now