🗡294🗡ထျန်းလုံဧကရာဇ် အင်ပါယာ၏အကြီးအကဲ

207 12 0
                                        

Chapter (294) Arc 4
ထျန်းလုံဧကရာဇ် အင်ပါယာ၏အကြီးအကဲ

လုရွှမ်လည်း ဖန်းမင်ဆိုတဲ့ လူက အာကာသ အကြောင်းကို ကောင်းကောင်းသိကြောင်း ခံစားခဲ့ရသည်။ သူသည် အရာအားလုံးကို အပေါ်မှအောက်ခြေအထိ သိကျွမ်းပြီး ဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။ ဤလူတွင် ပျမ်းမျှအင်အားနှင့် ချို့ယွင်းချက် ရှိသော စရိုက်လက္ခဏာရှိပြီး သူ့နောက်ကွယ်မှာ နောက်ခံမရှိသောကြောင့် ဆုံးဖြတ်ချက် တချို့ကို မချနိုင်တာ သနားစရာတော့ ကောင်းလှသည်။

အခု ဒီအာကာသ ဥမင်လိုဏ်ခေါင်း ပုံသဏ္ဌာန် ဖြစ်လာတာကို စိတ်ကူးကြည့်ရရင် မကြာခင်မှာ ကြီးကျယ်ခမ်းနားတဲ့ မဟာသူ​တော်စင်ကြီး တစ်ယောက် ရောက်လာလိမ့်မယ်လို့ ယုံကြည်ရလေ၏။

တိမ်ပင်လယ်နယ်မြေသည် အလွန်ကြီးမားပြီး အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် တစ်ခုနဲ့ တစ်ခုကြား ဝေးကွာသော အကွာအဝေးတွင် ရှိနေ​ကြသည်။ အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် အာကာသ ဥမင်လိုဏ်ခေါင်းများမှ တဆင့် သွားရာတွင် အချိန်များစွာ သက်သာစေနိုင်သည်။

အထူးသဖြင့် ဤနေရာရှိ သူတော်စင်တစ်ပိုင်း ကမ္ဘာတစ်ခုလုံးတွင် အာကာသ သလင်းကျောက် အရင်းအမြစ်များ ပေါများသောကြောင့် ကျင့်ကြံသူ အမြောက်အမြားသည် အနာဂတ်တွင် အဓိကအင်ပါယာများမှ ထျန်းလုံဧကရာဇ် အင်ပါယာအထိ ဆက်လက် စုရုံးနေဦးမှာ သေချာပေသည်။

ထိုနည်းတူစွာ အဆင့်မြင့် ဧကရာဇ် အင်ပါယာများကို ရောက်နိုင်ဖို့ တောင့်တ​နေသော ကျောင်းသားများနှင့် ပါရမီရှင်များကိုလည်း အဆင့်မြင့်မားသော အင်ပါယာများက ရွေးချယ်သွားလိမ့်မည်။

ထျန်းလုံဧကရာဇ် အင်ပါယာကဲ့သို့ အလယ်အလတ် တန်းစား ဧကရာဇ် အင်ပါယာများသည် အဆင့်မြင့် အင်ပါယာများအတွက် အရည်အချင်း ပြည့်ဝသော နေရာဖြစ်လာမည် ဖြစ်သည်။

လုရွှမ်သည် အနာဂတ်တွင် ဤနေရာ၌ ထိုအရာများစွာ ဖြစ်ပျက်လာမယ် ဆိုတာကို အသာလေးပင် စိတ်ကူး​ကြည့်နိုင်သည်။

ယခုမူ လုရွှမ်သည် သူ၏ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရမည်ဟု ဆုံးဖြတ်လိုက်၏။ ခွန်အားမရှိလျှင် ဟောပြောခွင့် မရှိချေ။ သူတော်စင်တစ်ပိုင်း အဆင့်၇ ပါရမီရှင်၊ အနှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်လာနိုင်သော ပါရမီရှင်ပင်လျှင် အောင်မြင်ခင်အထိ ပုရွက်ဆိတ်တစ်ကောင် ဖြစ်​မေဆဲပင်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Nơi câu chuyện tồn tại. Hãy khám phá bây giờ