Chapter 44
June 16, 2024
💮Chapter 44ဦးဆုံးသတိဝင်လာသူမှာ ယောဖန်းပင်ဖြစ်သည်။ ယောဖန်က သတိဝင်လာသည်နှင့် သူမရှေ့ရှိ ထိုင်ခုံတစ်ခုံပေါ်တွင်ထိုင်နေသည့် သခင်လေးဝမ်ကို သတိထားမိသွားသည်။ အဝတ်အစားများကယ ကပိုကရိုနှင့် ဆံပင်များကလည်းရေစိုနေသေးသည့် သခင်လေးဝမ်၏ပုံစံမှာ ဖရိုဖရဲနိုင်လွန်းသည်။
"သခင်လေးဝမ်...ကျွန်မ သခင်လေးရဲ့ဆံပင်တွေ ရေခြောက်သွားအောင်သုတ်ပေးပါ့မယ်…"
ယောဖန်းက ပြောပြောဆိုဆိုနှင့် တဘတ်တစ်ထည်သွားယူလိုက်သည်။
ယောဖန်း၏လှုပ်ရှားမှုများက တိကျမြန်ဆန်လွန်းသည်။ အလုပ်လုပ်နေစဥ်တွင်လည်း တစ်စုံတစ်ခုကို တွေးနေပုံရကာ စကားတစ်ခွန်းမျှမပြောချေ။
ဝမ်ချီလည်း ပြောစရာစကားရှာနေမိသည်။
နောက်ဆုံးတွင် ယောဖန်းက ချီတုံချတုံနှင့် စကားစလာသည်။
"သခင်လေးဝမ် အိမ်ရှေ့စံပြန်သွားပြီလား..."
ဝမ်ချီလည်း ယောဖန်းမေးလာသောကြောင့်အမှန်အတိုင်းပြန်ဖြေလိုက်သည်။
"သူ ရေချိုးနေသေးတယ်..."
ယောဖန်း: "......."
တစ်ခဏအကြာမှ ဝမ်ချီလည်း သူ့အဖြေက မည်သည့်အဓိပ္ပါယ်ပေါက်သွားသည်ကို စဥ်းစားမိသောကြောင့် ယောဖန်းအား အမြန်ပြန်ရှင်းပြလိုက်သည်။
"သူ မသွားလောက်သေးဘူး....ပြီးတော့ ဒီညမှာဖြစ်ခဲ့တဲ့ကိစ္စအားလုံးကို ဘာမှမသိသလို ဘာမှမမြင်သလိုနေပေးပါ..."
ယောဖန်းလည်း နာခံရိုကျိုးစွာပြန်ပြောလိုက်သည်။
"ကျွန်မနားလည်ပါပြီ..."
ဆံပင်ခြောက်အောင်သုတ်ပြီးနောက် ဝမ်ချီလည်း အိပ်ခန်းထဲသို့ဝင်ကာ အဝတ်အစားများ လဲလိုက်သည်။ အခန်းထဲမှပြန်ထွက်လာချိန်တွင် ယောဖန်းနှင့်ယောထောင်က ညစာပြင်နေပြီဖြစ်သည်။
"ယောဖန်း...ရေချိုးခန်းထဲကိုတစ်ချက်သွားကြည့်..."
ယောဖန်းအား ဝမ်ချီလှမ်းပြောလိုက်သည်။
YOU ARE READING
အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်
Historical FictionTITLE- Transmigrated to become the Tyrant's Male Concubine သက်ဦးဆံပိုင် အာဏာရှင်၏ ကိုယ်လုပ်တော်အဖြစ် ကူးပြောင်းခြင်း (ဝမ်ချီ) Description 💥 သူနိုးလာသည့်အခါ ဝမ်ချီသည် ဝတ္ထုတစ်ခုထဲသို့ ကူးပြောင်းလာခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုဝတ္ထု၏ အဓိကဇာတ်ဆော...