Ch 26

1.3K 51 18
                                        

(Unicode)

နိုဝင်ဘာလရဲ့ ညတစ်ည မီးဖွားခန်းရှေ့မှာ စိတ်ပူလွန်း၍ ဘုရားစာရွတ်ကာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော daou၊ မွေးခန်းထဲတွင် ချွေးတလုံးလုံးနှင့် နာကျင်မှုကိုအံတုနေသောoffroad။

"သား daouထိုင်နေပါ offroadကခုနလေးတင်မှ ဝင်သွားတာကို"

"ကျွန်တော်စိတ်ပူလွန်းလို့ မထိုင်နိုင်ဘူး အဖေ"

နာရီအတော်အတန်ကြာချိန်မှာသူနာပြုဆရာမလေးတစ်ယောက်မှ ချစ်စရာ နီတာရဲလေးတွေကို တစ်ဖက်စီချီကာ ထွက်လာခဲ့သည်။

"ငါ့မြေးလေးတွေက အချောလေးတွေပဲ ဘာလေးတွေလဲ ဆရာမလေး"

"ဒါလေးကယောင်္ကျားလေး၊ ဒါလေးကမိန်းကလေးပါ"

"offroadရော offroadအဆင်ပြေရဲ့လားဆရာမ"

daou ကလေးတွေ အဆင်ပြေတာမြင်လိုက်ရပြီး တစ်ဝက်စိတ်အေးရပေမဲ့ offroadကို စိတ်ပူနေသေး၍ မေးလိုက်လေသည်

"မွေးလူနာလည်း ကျန်းကျန်းမာမာနဲ့ အဆင်ပြေပါတယ်"

"တွေ့လို့ရပြီလား"

"ခဏနေ အခန်းဆီကို ကလေးတွေနဲ့အတူတူရွှေ့ပေးပါ့မယ်"
***

"roadနေသာရဲ့လား"

"ဟုတ် ကလေးတွေရော"

"အဆင်ပြေပါ့"

"ဘာလေးတွေလဲဟင်"

"သားသားလေးနဲ့ မီးမီးလေး၊ သားသားလေးက roadနဲ့တူပြီး သမီးလေးကကြ ကိုယ်နဲ့ချွတ်စွပ်တူနေတယ်"

"ဟုတ်လား ကျွန်တော်က သားလေးကို ကိုကိုနဲ့တူမယ်ထင်ထားတာ"

"roadနဲ့တူတော့လည်း ကောင်းတာပေါ့"

"ကလေးတွေကို မနက်ဖြန်မှ မွေးဖို့စိတ်ကူးထားတာ"

"ဘာလို့လဲ"

"ကိုကို့ ‌မွေးရက်နဲ့တူအောင်လို့လေ 14ရက်နေ့မလား"

"အခုလည်းကိုကိုနဲ့ ဗုဒ္ဓဟူးနေ့ချင်းတူတူပဲလေ"

"ဟုတ်သားပဲနော် ကျွန်တော် မတွေးမိလိုက်ဘူး"

"ချစ်တယ် အများကြီး ပင်ပန်းသွားပြီ"

"ကလေးတွေနား သွားလိုက်အုံးလေ"

"ကလေးတွေက သူ့အဘိုးအဘွားတွေနဲ့တင် စိတ်ရှုပ်နေလောက်ပြီ တစ်ရက်သားလေးပဲရှိသေးတာကို အဖြစ်သည်းပြီး ကြည့်နေလိုက်ကြတာနော်"

ကိုယ့်အပိုင် (Completed)Where stories live. Discover now