အခန်း (၆၅)

5.4K 104 1
                                        

" မရွှေ ဦးရောဟင် "

ဆေးသွင်းပြီးတာနဲ့ လူကအိပ်ချင်လာတာကြောင့်    အိပ်ပျော်သွားခဲ့ပြီး နိုးလာတော့ အနားမှာ မရွှေတစ်ယောက်သာရှိ၏။

" သခင်လေးက အခုလေးတင်                                        မမလေးနိုးလာရင်စားဖို့အတွက်ဆိုပြီး                      
သူကိုယ်တိုင်မီးဖိုချောင်ဝင်နေပါတယ် "    

" ဪ ဟုတ်လား "     

ဦးမျက်နှာကိုအရင်ဆုံးမမြင်ရလို့ စိတ်ထဲမကောင်းတော့ဖြစ်သွားမိသည်။တမင်လုပ်ယူတာမျိုးမဟုတ်ဘဲ သူ့အလိုလိုဖြစ်တည်လာတဲ့ ခံစားချက်ကြီးပါ။

မျက်နှာလေးသိသိသာသာညှိုးကျလျက် ခေါင်းငိုက်ကျသွားတာကိုမြင်လိုက်ရတဲ့ မရွှေက ဂင်္ဂါမေရဲ့လက်ဖဝါးလေးကိုလှမ်းဆုပ်ကိုင်ရင်း....

" မမလေး အခုဘာလိုအပ်လို့လဲ မရွှေကိုပြောလေသခင်လေးကလေ မမလေးကိုယ်ဝန်ရှိနေပြီလို့        သိလိုက်ထဲက အစားအသောက်ကအစ ဂရုစိုက် ချက်ပြုတ်ဖို့ မှာကြားနေတာ"

" ပြီးတော့ မမလေးရော ဗိုက်ထဲက ကလေးပါ       
လန်းလန်းဆန်းဆန်းဖြစ်အောင်ဆိုပြီး အခန်းထဲမှာ ပန်းတွေပြင်ဆင်ထားတာ ကြည့်ပါအုံး မမလေးရဲ့ မလှဘူးလား "

ပြောလို့ကြည့်မိလိုက်တော့မှ စားပွဲပန်းအိုးပေါ်မှာ   
တအုံကြီးထိုးစိုက်ထားတဲ့ လာဗန်ဒါပန်းလေးတွေ။  

အနံ့ကမပြင်းဘဲ သင်းသင်းလေးဖြစ်ကာ စိတ်ကိုလန်းဆန်းသွားစေတာတော့အမှန်ပင်။

အဲ့အပြင် ပြတင်းပေါက်မှာချိတ်ဆွဲထားတဲ့ ဆည်းလည်းလေးတွေက လေတိုက်တိုင်း တချွင်ချွင်မြည်နေသည်မှာ နားထောင်လို့တောင်ကောင်း၏။

မျက်စိရှေ့တည့်တည့်တွင် တစ်ခါမှမရှိခဲ့တဲ့ ငါးကန်ကြီးကကြည်လင်နေကာ အထဲတွင် အရောင်စုံငါးလေးတွေ တဖျက်ဖျက်ကူးနေကြတာကို တွေ့ရပါသည်။

အဲ့ဘေးမှာတော့ ပန်းအိုးသေးသေးလေးတွေနဲ့ အလှဆင်ထားကာ အဲ့ထက်ပြောင်းလဲနေတာက ကြမ်းပြင်သည် ယခင်လိုချောမွတ်နေတဲ့ပုံစံမျိုးမဟုတ်တော့ဘဲ အဲ့ဒီ့ပေါ်မှာ မြက်ခင်းပုံစံအခင်းလေးကို ခန်းလုံးပြည့် ခင်းချထား၏။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]Where stories live. Discover now