ရှန်ယိ နှင့် ဆုချင်း
UNICODE
နှစ်သစ်ကူးခါနီးအချိန်ရောက်လျှင် ကုမ္ပဏီရှိ ၀န်ထမ်းအများစုသည် သူတို့၏ ဇာတိသို့ ပြန်ကြရန် ကြိုတင် ခွင့်တင်လေ့ရှိကြသည်။ ဇာတ်ညွှန်းရေးသူများ လောက၌လည်း ထိုနည်းတူစွာပင်။ အလုပ်သို့ရောက်လာကြပြီး နေ့တိုင်း အလုပ်ဆင်းသူများ သိပ်မရှိကြပေ။
ဆုချင်း ရုံးခန်းထဲက ထွက်လာသော် အရင်က ဆူညံနေလေ့ရှိသော ကုမ္ပဏီတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။
သေချာပေါက် ထိုသူများမှာ အတည်ပေါက် အလုပ်လုပ်နေကြခြင်း မဟုတ်ပေ။ တစ်ယောက်မှာ ကွန်ပြူတာ စခရင်န်ကို လှည့်ထားပြီး ဂိမ်းဆော့နေလေကာ အသံပိတ်ထားဖို့ရာပင် မေ့နေသည်။
ဆုချင်းမှာ သူ့ကို သတိပေးရန် သွား၍ ချောင်းဟန့်ကာ စားပွဲခုံကို ခေါက်လိုက်သည်။ ဇာတ်ညွှန်းရေးဆရာငယ်လေးမှာ မော့ကြည့်လိုက်တော့ သူ့ဘော့စ်ကို တွေ့လိုက်ရလေသည်။ လက်ပူးလက်ကြပ်မိသွားသည်ကို နည်းနည်းလေးမှ စိတ်လှုပ်ရှားသွားပုံမပေါ်ပေ။
ရူးချင်ယောင်ဆောင်ကာ ပြုံးပြလိုက်သေးသည်။ " ဆုဆု၊ ပြီးပြီလား။" ကျန်တဲ့သူအားလုံးမှာလည်း အတည်ပေါက် အလုပ်လုပ်နေကြဟန် ဆောင်နေကြခခြင်းဖြစ်သည်။ တကယ်တော့ ဆုချင်းဆိုသည်မှာ သဘောအကောင်းဆုံးနှင့် အားလုံးအပေါ် ဂရုစိုက်တတ်မှန်း သူတို့ အကုန်လုံး သိကြသည်။ အလုပ်လည်း ဆင်းခါနီးဖြစ်သောကြောင့် သူတို့ကို တမင်အကြပ်ရိုက်အောင် လုပ်မည့်သူမျိုး မဟုတ်ပေ။
ဆုချင်းမှာ ကြိုးစားပြီး မျက်နှာကို သေချာ တင်းထားလေသည်။ " ရဲလှချည်လား။ ငါ့ကို ဆုဆုလို့ ခေါ်တယ်ပေါ့။"
ထိုလူက ရယ်မောကာ တောင်းပန်လေသည်။ "ဘော့စ်ရယ်၊ ကျွန်တော်မှားပါတယ်။"
"ဘော့စ်ရယ်၊ ကျွန်တော်တို့ မှားပါတယ်"
ဆုချင်း လက်လန်မိသည်။ သူဆိုသည်မှာ နည်းနည်းမှ အကြောက်ခံလူတန်းစားထဲ မပါသည်ကို သိပြီးဖြစ်သည်။ သူ့ဆိုလျှင် စက္ကူကျားသာသာဆိုတာ လူတိုင်းနီးပါး သိနေပုံရသည်။ "နောက်ကျ သေချာမှတ်ထား။"
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/
![ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]](https://img.wattpad.com/cover/250196836-64-k124562.jpg)