Extra Part (2)

8.3K 99 2
                                        

"ထူးထူး သူ သူငါ့ကို တကယ်ကြီး
လာအပ်ထားတယ်"

ကျားဖမ်းမယ် ဆင်ဖမ်းမယ်လေးပြောထားတဲ့       
ကြာဖြူတစ်ယောက် တကယ်တမ်းမှာ ဖုန်းကိုကြည့်ပြီး တုန်တုန်လှုပ်လှုပ်ဖြစ်လျက် အခြေအနေကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ သူမကိုအားကိုးတကြီး ပြောလာတယ်။

"အဲ့တော့ပြန်လက်ခံလိုက်ပေါ့ဟ
ဘာမြန်းခက်လို့လဲ"

"ဟာ လက်ခံပြီး ငါကဘာပြောရမှာလဲ
သူငါ့အကောင့်ကိုသိတာနဲ့တင်
တော်တော်လေးလွန်နေပြီ"

"ဒါဆို သူအပ်တာလက်ခံပြီး
လာပြောတာပဲကြည့်လိုက်ပေါ့
နင်နဲ့သူက မကြာခင်မှာလက်ထပ်ကြ
ရတော့မယ့်သူတွေ.. FBမှာသူငယ်ချင်း
လောက်တော့ ဖြစ်ထားသင့်တယ်မဟုတ်ဘူးလား"

"ငါ..ငါမသိဘူး ထူးထူး အဲ့လိုလုပ်လိုက်ရင်
ဒီပအပေါ်မှာ.."

"ကျစ် တစ်ခါလာလည်း ဒီပ တစ်ခါလာလည်း ဒီပနဲ့
အဲ့ဖုန်းပေး"

"အို နေ နေအုံး နင်ဘာလုပ်မလို့လဲ "

" Friendအပ်တာ လက်ခံလိုက်မလို့ "

"ဟာ ခဏ ငါအခုထိ မသေချာ..."

"အိုကေ ငါလက်ခံလိုက်ပြီ... ဒီမှာဖုန်း"

စကားတောင်မဆုံးလိုက်သေး ဖုန်းကိုအတင်းလုပြီး confirmခလုတ်ကိုနှိပ်ပြီးပြီ။ပြီးတော့ ဘာမှမဖြစ်သလို သူမလက်ထဲပြန်ထည့်ပေး၏။

ဒီပဆိုတာနဲ့ ထူးထူးတို့ကြည့်မရ..မျက်နှာရှုံ့၏။

ရည်းစားတောင် ဆေးကျောင်းတက်တဲ့အချိန်ထိ       ချစ်သူရည်းစားဆိုတာမျိုးမထားခဲ့ပါ။

ကိုယ့်အကြောင်းကို ခရေစစ်တွင်းကျကျသိနေတဲ့ ထူးထူးမှ ဒီပနဲ့တွဲလိုက်ပြီးဆိုကတည်းက ငတုံးမတစ်ယောက်လိုဆက်ဆံပြောဆိုပြီး စိတ်ဆိုးသွားခဲ့တာ။

ဒီပဆိုတာ မိန်းကလေးတွေပါးစပ်ဖျားကြား ရေပန်းစားနေတဲ့ ရုပ်ရှိရေလျှံသူဌေးသားဖြစ်ပြီး သူနဲ့မတွဲဖူးတဲ့သူဆိုတာ တစ်ယောက်မှမရှိ။

သူ့နာမည်ပြောလိုက်တာနဲ့ အဲ့နောက်ကဇယားတွေက တစ်ခုပြီးတစ်ခု ရှင်းလို့မကုန်ဘဲ သူ့အတွက်နဲ့တောင်ရန်ဖြစ်ကြတဲ့ မိန်းကလေးတွေလည်းရှိသေး၏။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]Where stories live. Discover now