"လာ သား လာ သမီးနားမှာထိုင်"
အဲ့ဒီ့လူ အထဲကိုဝင်လာတာနဲ့ မိခင်ဖြစ်သူမှအသည်းအသန် သူမဘေးဝင်ထိုင်ခိုင်း၏။
ကိုယ့်ကို ကိုယ့်ထက်တောင် ဂရုစိုက်လွန်း ၊ ချစ်လွန်းတဲ့ မိခင်ရဲ့ပုံစံပျောက်ကာ သူလိုယောင်္ကျားတစ်ယောက်နဲ့ လက်ထပ်ဖို့စိတ်ဆန္ဒပြင်းပြနေတာကိုတကယ်ပဲနားမလည်နိုင်။
စိတ်ပျက်ခြင်းကြောင့် မျက်နှာကဘယ်လိုမှမရွှင်ပြဘဲ နေရာမှာတင် မှိုင်တွေတွေဖြစ်လျက်။
ကိုယ့်ကိုမျက်နှာသာလုံးဝမပေးတဲ့ မိခင် ပြီးတော့ ဘာဆိုဘာမှဝင်မပြောတဲ့ ဖခင်ဖြစ်သူနဲ့ အဲ့ဒီ့နောက် ရှောင်လွှဲမရအောင် မကြာခင်မှာဖြစ်လာတော့မယ့် မင်္ဂလာပွဲကြီး။
ထိုအခြေအနေတွင် သိလိုက်ရတာက နေမတက်သောမနက်ဖြန်ကို စောင့်နေသကဲ့သို့ သူမ၏မျှော်လင့်ချက်ဟာလည်း မရှိသလောက် ပျောက်ရှသွားခဲ့တာကိုပင်။
သူမသည် တကယ်ကိုပဲ ခိုကိုးရာမဲ့နေပြီဖြစ်၏။
"ဒီနေ့ သားလာမယ်ဆိုလို့ မေမေ ဟင်းတွေအများကြီးချက်ထားတယ်သိလား..ချဉ်စပ်အရည်သောက်တစ်ခွက်၊ကန်စွန်းရွက်မှိုကြော်စပ်စပ်လေးရယ် ထမင်းဝိုင်းမှာမပါမဖြစ် ငပိရည်နဲ့ တို့စရာအစုံလေး ပြီးတော့ အသားဟင်းကတော့ မပါမဖြစ်ပေါ့ကွယ် "
"သားဘာကြိုက်တတ်မှန်းမသိတာနဲ့ သုံးမျိုးခွဲချက်လိုက်တာ..ဒါက ဆိတ်သားဟင်းလေး ၊ ဒါက ကြက်သားဟင်း ဒါလေးက အသည်းအမြစ်ဟင်း ကြိုက်တာထည့်စား သား အားမနာနဲ့နော်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ "
"မဟုတ်သေးပါဘူး မင်းကြည့်ရတာ
ထည့်စားမဲ့ပုံလည်းမပေါ်ဘူး လာ
မေမေထည့်ပေးမယ်"
ဒေါ်နှင်းပွင့်ဖြူရဲ့ စေသနာပိုလျှံမှုတွေက စားပွဲပေါ်က ဟင်းတွေအကုန်လုံးကို သူ့ပန်းကန်ထဲကိုပဲ တစ်တုံးပြီးတစ်တုံး စုရောက်စေ၏။
တစ်ယောက်က ရှိသမျှဟင်းတစ်မျိုးစီကို ပြုံးပြုံးလေးခပ်ထည့်ပေးနေသလို တစ်ယောက်က ပန်းကန်ကိုဆုပ်ကိုင်ပြီး တိုးကပ်ပေးနေသည်။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...
![သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]](https://img.wattpad.com/cover/361434662-64-k316327.jpg)