Part - 110 [Uni&Zaw]

16.9K 667 132
                                        

Unicode

"အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်....၊ကျွန်တော်က ဦးမင်းကမ္ဘာ့စည်းရဲ့သား မင်းအထက်စီးပါ....၊နောက်တစ်မျိုးပြောင်းပြောရရင်တော့ Kingdom of Diamong (KD) Group ရဲ့ CEO Zann HamsleyBerton ဆိုပါတော့"

ဇမ်းနူတ်ဆက်လိုက်သည်နှင့် အားလုံးကလည်း တလေးတစားရွင်ရွင်ပြပြပင်ပြန်နူတ်ဆက်ကြသည်။ပြီးနောက် မိတ်ဆက်တာတွေ၊အာလာဘ သလာဘ စကားတစ်ချို့ကိုဖောင်ဖွဲ့ရင်း အချိန်အတော်လေးကြာသွားလေသည်။ဇမ်း စကားပြောနေရင်းပင် လက်ကနာရီကိုတစ်ချက်ကြည့်လိုက်တော့ သူပွဲစ‌ရမည့်အချိန်ပင်နီးလာပြီဖြစ်သည်။ဒါ့အပြင် စောသိုက်နဲ့စောအိုက်လည်း သူ့‌နောက်မှာရောက်လာ၏။ဇမ်း စောသိုက်ကိုအနားခေါ်လိုက်သည်။

"ညွှန်းကို သွားခေါ်ခဲ့"

ဇမ်းပွဲထဲကိုဝေ့ကြည့်လိုက်တော့ သူ့လူရောက်မသေးတာကြောင့် စောသိုက်ကိုသာတစ်ခါထဲအခေါ်လိုက်တော့သည်။ပြီးတာနဲ့ စားပွဲကလူတွေအားလုံးကိုတစ်ချက်ပြုံးပြလိုက်ကာ.....၊

"ဒါဆို ဒီနေ့ညတော့ ဒီလောက်နဲ့ပဲဆွေးနွေးကြတာပေါ့...၊ကျွန်တော့်ကို ခွင့်ပြုပါဦး"

ဇမ်း အားလုံးကိုနူတ်ဆက်ပြီး ထရပ်လိုက်တာနဲ့ ဝိုင်းထဲက လူတစ်ချို့ကအနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အထူးသဖြင့် We Group နဲ့ J&F Group ကလူတွေဖြစ်သည်။ဇမ်းသေသေချာချာသတိထားမိပေမယ့် မသိသလိုပင် ခုံကနေခပ်ဖြေးဖြေးထလိုက်ကာ အနောက်မှာအသင့်စောင့်နေတဲ့ စောအိုက်နဲ့အတူ ပွဲထဲပြန်ဝင်လိုက်သည်။သို့သော် သိပ်မကြာလိုက်ဘဲ...၊

"မောင်မင်းအထက်စီး..."

အနောက်မှခေါ်သံကြောင့် ဇမ်းနူတ်ခမ်းတွေ ခပ်ဖော့ဖော့ကော့တက်သွားလေသည်။ပြီး‌တာနဲ့ အနောက်ကိုပြန်လှည့်ကာ တစ်ချက်ပြုံးပြလိုက်ရင်း....၊

"J&F Group ကဦးခန့်ငြိမ်း ဟုတ်တယ်မလား...၊ဘာများအလိုရှိလို့လဲ"

ဇမ်း ခပ်အေးအေးမေးလိုက်ပေမယ့် တစ်ဖက်လူကတော့ သူ့ကိုမှတ်မှတ်ရရဖြစ်နေသည့်အတွက်ဝမ်းသာသွားပုံရသည်။

"အချိန်ရရင် အန်ကယ်တို့ ထပ်ဆုံဖို့ မောင်မင်းအထက်စီးကိုဖိတ်လို့ရမလားလို့ပါ....၊အန်ကယ့်သားကလည်း ငယ်သေးတော့ မောင်မင်းအထက်စီးဆီကနေ တစ်ချို့အရာတွေသင်ယူစေချင်တာလည်းပါတာပေါ့"

You are My Bone [Complete]Where stories live. Discover now