အပိုင်း(၅၈) ကုကျိုအမဲလိုက်ထွက်ခြင်း။

383 64 6
                                        

((Unicode))

အပိုင်း(၅၈)
ကုကျိုအမဲလိုက်ထွက်ခြင်း။

💊💊💊

အမှန်ပင်၊ ကုန်းရိထျန်းဟန်ရုတ်တရက်ပေါ်ထွက်လာခြင်းနှင့် သူ၏ကြောက်မက်ဖွယ်သိုင်းပညာစွမ်းက လူပေါင်းများစွာကို စိတ်ဝင်စားသွားစေသည်။ သူသည် အရင်ကသိုင်းပညာမကျင့်ကြံနိုင်မှန်းအသိသာကြီးကို၊ ဘယ်လိုလုပ်ရုတ်တရက်ကြီးပြန်ကောင်းသွားရပါသနည်း။ ကုန်းရိအိမ်တော်သည် အဆင့်မြင့်‌ဆေးဆရာကြီးများကိုပင်ဖိတ်ခေါ်၍ သူ၏ရောဂါကိုကုသရန် နှစ်ပေါင်းအတော်ကြာကြိုးစားခဲ့သည်။ ကံဆိုးချင်တော့ ဘာအကျိုးသက်ရောက်မှုမှမရှိ‌ခဲ့ပေ။ အားလုံးက သူ၏ရောဂါကိုကုသ၍မရနိုင်ဟုသာ မှတ်ချက်ပြုခဲ့သည်။......အဲ့တော့ဒီဆေးညွှန်းကဘယ်လောက်အောင် အံ့ဖွယ်ကောင်းနေလို့ပါလိမ့်?။

လူအများက အမျိုးမျိုးထင်ကြေးပေးကြ၏။ ကုန်းရိထျန်းဟန်ကိုတောင် ပျောက်ကင်းအောင်ကုသပေးနိုင်လျှင် သူ့ရောဂါနှင့် ရောဂါလက္ခဏာချင်းဆင်တူသည့်အခြားရောဂါပေါင်းများစွာကိုလည်း ကုသပျောက်ကင်းနိုင်လောက်သည်။ အကယ်၍ကောင်းစွာအသုံးချနိုင်လျှင် ကုန်းရိအိမ်တော်၌ အလွန်ကြီးမားသည့်အကျိုးအမြတ်များရရှိပေလိမ့်မည်။

သေချာပေါက်ပိုဖြစ်နိုင်သည်က ကုန်းရိအိမ်တော်သည် ထိုဆေးညွှန်းအားလျို့ဝှက်ချက်တစ်ခုအဖြစ်ထိန်းသိမ်းကာ ၎င်းကအိမ်တော်၏ဝှက်ဖဲတစ်ခုဖြစ်လာပေလိမ့်မည်။

အင်ပါယာမြို့တော်ရှိပြည်သူများက ဤကဲ့သို့အတင်းအဖျင်းများဆွေးနွေးပြောဆိုရသည်ကို သဘောကျနှစ်သက်ကြသည်။

အင်ပါယာမြို့တော်ကြီး၌ မိမိအမြင်ကိုထုတ်ဖော်ရာတွင် အလွန်ပွင့်လင်းစွာလွတ်လွတ်လပ်လပ်ပြောဆိုထုတ်ဖော်ခွင့်ရှိသည်။ လူတိုင်းက အတင်းအဖျင်းသတင်းများပြောဆိုနိုင်ပြီး ဘယ်အရာကိုမှတားမြစ်ထားခြင်းမရှိပေ။

ကုကျိုအကြောင်းစုံကိုကြားတော့ ခေါင်းလှည့်ပြီး တိုးတိုးမေးလိုက်သည်။

"လုံအာ့၊ ဒီကိစ္စဘယ်လိုလုပ်ပြီး အားလုံးသိကုန်တာလဲ။"

လုံအာ့က အလွန်အတွေ့အကြုံရှိ၏။ သူကအကြောင်းရင်းကို ချက်ချင်းသဘောပေါက်ကာ:

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now