((Unicode))
အပိုင်း(၆၀)
လ_က်ကောက်ဝတ်လှီးခြင်း။💊💊💊
ဒီရက်များ၌ ကုကျို၏ဘဝကြီး ပိုပြီးပျော်စရာကောင်းလာသည်။ ကုကျိုစားသောက်ပြီးနောက် သူ့အစ်ကိုကြီးကို စပြီးအကဲခတ်ကြည့်လိုက်သည်။
ခုနတုန်းက သူ၏အဖိုးတန်ဟင်းလျာများကိုထုတ်ပြချင်စိတ်များနေတာကြောင့် ကုန်းရိထျန်းဟန်ကို အခြေအနေဘယ်လိုရှိလဲဆိုတာမမေးရသေးပေ။ သူက ပဏာမရှန်းထျန်းအဆင့်တစ်ဝက်ကိုကျော်ဖြတ်နိုင်သွားပြီလား။
ဒီအကြောင်းတွေးမိတော့ ကုကျို အလေးအနက်စိတ်ဝင်စားသွားကာ:
"အစ်ကိုကြီး၊ နဂါးပြာရေအိုင်....."
ကုန်းရိထျန်းဟန်က အသာပြုံးကာ:
"အားကျိုစိတ်ဝင်စားတယ်ဆို ကိုယ်မင်းကိုရှင်းပြမယ်လေ။"
ကုကျိုက မျက်လုံးလေးများအရောင်တောက်သွားကာ:
"သေချာပေါက်စိတ်ဝင်စားတာပေါ့။"
ကုန်းရိထျန်းဟန်ကရယ်ပြီး ကုကျိုခေါင်းကိုအသာပုတ်လိုက်၏။ ထို့နောက်သူက ကုကျိုကိုရှင်းပြဖို့ အတွေးများကိုပြန်လည်သုံးသပ်လိုက်သည်။
" နဂါးပြာရေအိုင်က တော်ဝင်နန်းတော်ထဲကတားမြစ်နေရာတစ်ခုမှာရှိတယ်။ ပုံမှန်အချိန်တွေမှာ လုံးဝချိတ်ပိတ်ထားတယ်။ အကယ်၍ဖွင့်ချင်တယ်ဆို မရေမတွက်နိုင်တဲ့အဖိုးတန်သဘာဝအရင်းအမြစ်တွေကို နဂါးပါးစပ်ထဲပစ်ထည့်ရတယ်။ အဲ့ဒီအရင်းအမြစ်တွေ အထဲကအံ့ဖွယ်စွမ်းအားနဲ့ပေါင်းစည်းသွားတော့မှ စိမ်းပြာရောင်ရေအိုင်တစ်ခုအသွင်ပြောင်းသွားတာ။ အထဲကရေတွေထဲမှာ အံ့ဖွယ်ထူးကဲတဲ့အရောင်အဝါနဲ့ ရှန်းထျန်းအဆင့်ရောက်ရှိအောင်လှုံ့ဆော်ပေးနိုင်တဲ့သဘောတရားတွေရှိတယ်။ သိုင်းပညာရှင်တွေက နဂါးပြာရေအိုင်ထဲဝင်သွားပြီးရင် ရေအိုင်ထဲမှာခန္ဓာကိုယ်ကိုစိမ်လို့ အဲ့ဒီရေတွေကိုစုပ်ယူကြရတယ်။ အဲ့ဒါက ခန္ဓာကိုယ်ကိုသန့်စင်စေပြီး ခွန်အားအစွမ်းကိုတိုးတက်စေတယ်။ ရှန်းထျန်းသဘောတရားရဲ့အကူအညီပါပေါင်းလိုက်တော့ မြန်မြန်ပိုပြီးတိုးတက်လာနိုင်တယ်......"

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...