အပိုင်း(၇၃) ဟဲ့လျန်အိမ်တော်၏အငြှိုး။

168 45 4
                                        

((Unicode))

အပိုင်း(၇၃)
ဟဲ့လျန်အိမ်တော်၏အငြှိုး။

💊💊💊

ဟွမ်ဖူချန်ဟောက်၏လက်ရှိအသွင်အပြင်က အလွန်အခြေအနေဆိုးသည်။ သူကအကောင်းဆုံးကြိုးစား၍ အချိန်မီပြန်လည်ဆုတ်ခွာခဲ့သော်လည်း သတိလက်လွတ်ဖြစ်ကာ လှုပ်ရှားမှုနှေးကွေးခဲ့တာကြောင့် ရလဒ်အနေဖြင့် သူ့အားဓားအလင်းတန်းအခု(၂၀) ထိုးဖောက်သွားခဲ့သည်။

အကယ်၍ကြွက်သားများသာထိခိုက်သွားခဲ့သည်ဆိုပါက ကိစ္စမရှိပေ။ သို့သော်ကံဆိုးချင်တော့ များစွာသောဓားအလင်းတန်းများက သူ၏အတွင်းအင်္ဂါများကိုပါ ထုတ်ချင်းပေါက်သွားသည်။ တစ်ခုတည်းသောဝမ်းသာရမည့်အချက်က သူ့နှလုံးကရှပ်ထိသွားရုံသာဖြစ်ပြီး အလင်းတန်းများလုံးဝမထိုးဖောက်သွားခဲ့ပေ။

သူ့နှလုံးတည့်တည့်ကိုမထိုးမိသွားသည်က ကံကောင်းသည်ဟုဆိုရမည်။ မဟုတ်လျှင် ဟွမ်ဖူချန်ဟောက်တစ်ယောက် ပြုတ်ကျလာသည့်အချိန်မှာပင် အသက်ရှူရပ်သွားလောက်ပြီဖြစ်သည်။

သို့သော်သူက အသက်ရှူနိုင်ရုံလေးဖြစ်ကာ တစ်မိနစ်နှစ်မိနစ်တောင် ခံတော့မည့်ပုံမပေါ်ပေ။

သူ၏ဆေးဆရာက သူ့အားနှင်းဂျင်ဆင်းဆေးလုံးနှင့် နွေဦးသစ်လွင်ဆေးလုံးများတိုက်ကျွေးလိုက်သည်။ သို့သော် ထိုနွေဦးသစ်လွင်ဆေးလုံးက ဒဏ်ရာများကိုချက်ချင်းပျောက်ကင်းအောင်ကုသမပေးနိုင်သလို၊ ချက်ချင်းသွေးအားပြန်ပြည့်နိုင်စွမ်းလည်းမရှိပေ။ ဒီလိုဆိုမှတော့ ဘာအသုံးဝင်မှာလဲ။

---နှင်းဂျင်ဆင်းဆေးလုံးတိုက်လိုက်တာက သွေးတွေဒလဟောပိုထွက်လာတာပဲရှိပြီး သွေးအားကိုပြန်မဖြည့်ပေးနိုင်ဘူး။

လူအသက်ကိုကယ်တင်ရသည်က မီးသတ်ရသလိုပင်ဖြစ်သည်။ ကုကျိုချက်ချင်းအနားပြေးသွားကာ အဆင့်မြင့်နွေဦးသစ်လွင်ဆေးလုံးတစ်လုံးအမြန်ထုတ်လိုက်သည်။ ထို့နောက်သူက သနားစဖွယ်ကောင်းနေသည့်ဆေးဆရာ၏ပုခုံးကိုပုတ်လိုက်ကာ:

"စိတ်မရှိဘူးဆို ဒါသုံးလိုက်ပါလား။"

ဆေးဆရာက သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူက ကုကျို၏ငယ်ရွယ်နုနယ်သည့်အသွင်အပြင်ကိုကြည့်ပြီး ပထမတော့ပြစ်တင်ပြောဆိုချင်ပုံပေါက်သွားသည်။ သို့သော်ကုကျိုလက်ထဲမှ အဝါရောင်ဖျော့ဖျော့ဆေးလုံးကိုမြင်သည်နှင့် သူ့မျက်လုံးများချက်ချင်းအရောင်တောက်သွားသည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now