အခန်း ၃၂၀ + ၃၂၁ ( ပြိုင်ကား အဖွဲ့ ရောက်ရှိလာခြင်း )

20 0 0
                                        

အခန်း ၃၂၀

( ပြိုင်ကား အဖွဲ့ ရောက်ရှိလာခြင်း )

သခင်လေး ကျန်းနှင့် သူ၏ သူငယ်ချင်းများ အခန်း ၈၈ သို့ ဝင်သွားကြသည်။ ထို့နောက် အခန်းထဲ ရောက်နှင့်နေသူများကို ကြည့်ကာ...

"မင်းတို့တွေ ဒီနေ့ ဘာလို့ အခန်း ၈၈၈ ကို မယူကြတာလဲ... "

ဖဲကစားနေကြသော သခင်လေးများထဲမှ တစ်ဦးက...

"တစ်ယောက်ယောက် ကြိုပြီး ဘိုကင်လုပ်သွားလို့ အဲ့ဒီအခန်းကို မရလိုက်ဘူး... "

သခင်လေး ကျန်း အလိုမကျဟန်ဖြင့် ....

"ကြည့်ရတာ ဒီည ပွဲ တစ်ခုခု ရှိတဲ့ပုံပဲ... ကလပ်က နဂိုကတည်းက လူကျပါတယ် ဆိုမှ စောက်ပိန်း သူဌေးက ငါ့အတွက် နေရာ ကြို မဦးထားဘူး... ပြီးတော့ ကားပါကင်မှာလည်း ဆီဒန် ကားစုတ်တစ်စီး ရပ်ထားတာများကွာ လာတဲ့ ဧည့်သည်တွေကို စော်ကားနေသလိုပဲ... လုံခြုံရေးတွေကို ကားဖယ်ခိုင်းဖို့ ပြောတော့လည်း ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ငါလည်း စိတ်မရှည်တော့တာနဲ့ အဲ့ဒီကားကို ဝင်တိုက်ပြီး ပါကင် ထိုးပေးလိုက်တယ်... "

"မင်းကတော့ မင်းပဲ... မင်းကို ကားပိုင်ရှင် ပြဿနာ လာရှာရင်ရော... "

"ငါ့ကိုလား ပြဿနာ ရှာရဲမှာ... "

သခင်လေး ကျန်းက နှာခေါင်းရှုံ့လိုက်၏။

"အဲ့ဒီ ကားစုတ်အတွက် ယွမ် တစ်သိန်းလောက်သာ ပစ်ပေးလိုက်ရင် ထိုင်တောင် ရှိခိုးသွားဦးမယ်... ဒီလို အဆင့်အတန်း မရှိတဲ့ကားနဲ့ ဒီလို နေရာကို လာရဲတာ အံ့ဩလို့ မဆုံးဘူးကွာ... မနက်တုန်းက အိမ်က အဘိုးကြီးဆီမှာ အဆူခံထားရလို့ စိတ်မကြည်ပါဘူး ဆိုမှ... ငါ့ ဒေါသကို လာဆွနေသလိုပဲ... "

သူ့ စကားဆုံးသည်နှင့် တစ်စုံတစ်ယောက် အခန်းတံခါးကို လာခေါက်၏။

စားပွဲထိုးလေးက ပြောရမှာ စိုးရွံ့နေဟန်ဖြင့်...

"သ..သခင်လေး ကျန်း... သခင်လေး ဝင်တိုက်လိုက်တဲ့ ကားပိုင်ရှင်က သခင်လေးကို ထွက်လာရှင်းပေးဖို့ ပြောနေလို့ပါ... "

ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု အားလုံး ခံစားမိလိုက်ကြသည်။

နတ်နဂါးစစ်သည်Dove le storie prendono vita. Scoprilo ora