Ep 02 [Remember Me]

441 37 3
                                    

တချက်မြည်နေတဲ့နာရီလက်တံကတေးသံလေးရယ်
တဖြည်းဖြည်း ကွယ်ပျောက်သွားတဲ့ နေမင်းကြီးရယ်
တဖျက်လက်ကာထွန်းလင်းလာတဲ့
ကြယ်ပွင့်လေးနဲ့ သူ့တို့သခင်လမင်းကြီးရယ်
အရာအားလုံးက သူ့အလိုလိုနေ့တိုင်းရှိနေပေမယ့်
ဒီနေ့ညမှာတော့ Jinyoung ရင်ထဲပိုမို ထူးခြားစွာလှပလွန်းနေပြီး စက္ကန့်တိုင်းကို အကုန်မြန်အောင်ထိုင်ပြီးရေတွက်နေမိတယ်
jinyoung အပြီးသတ်အနေနဲ့ ဟင်းလျာမျိုးစုံနဲ့ ပြည့်နှက်နေတဲ့ စားပွဲလေးရဲ့အလယ်မှာ နှင်းဆီအဝါပန်းအိုးကိုနေရာချလိုက်ပြီး တစ်ယောက်တည်း ကျေနပ်နေမိတယ်

နာရီလက်တံတွေက တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ
jinyoung ရင်ထဲ အပျော်တွေ ရုပ်ခြည်းပျောက်ဆုံးလာရင်း မသိမသာလေး စိတ်ထဲလေးလံလာသလို ခံစားလာရတယ်

"------------"
ရုတ်တရက် မြည်လာတာဖုန်းသံကြောင့်
jinyoung ပြတင်းပေါက်မှာ မျှော်နေရာကနေ လန့်ဖျပ်ပြီးထခုန်မိမတတ် ဖြစ်သွားမိတယ် --

"Yi En ! Baby အခုဘယ်ရောက်နေပြီလဲ? အားလုံးအဆင်ပြေရဲ့လား ? ဘာလို့ဖုန်းမကိုင်တာလဲ ? " Jinyoung စိတ်ပူလွန်းတာကြောင့် သူကိုယ်တိုင်တောင်သတိမထားမိဘဲ ဆက်တိုင်မေးခွန်းထုတ်ရင်း အော်ဟစ်နေမိတယ်-----

"Jinyoung!Baby hmmz --- ကို နဲနဲနောက်ကျမယ် hmz Arr -"
Jinyoung တစ်ဖက်က Yien ရဲ့ အသံကြောင့် တစ်ခုခုဖြစ်နေမှန်းရိပ်မိပေမယ့်

" Ar Baby -- Young က စိတ်ပူလို့ပါ
ဘာမှမဖြစ်ရင် ပြီးတာပဲ အရမ်းတော့နောက်မကျနဲ့နော် "

JinYoung တစ်ဖက်က Yien ပြန်ဖြေမလားလို့ စောင့်နေပေမယ့်
ဘာမှပြန်မပြောတာကြောင့် ဖုန်းချဖို့ ပြင်လုပ်တုန်း

" Junior --- " jinyoung Yien က ရုတ်တရက်ကြီး သူ့ငယ်နာမည်ကိုခေါ်လိုက်တာကြောင့် စိတ်ထဲထူးဆန်းတယ်လို့ခံစားနေရတုန်း
"I love You Junior " Jinyoung ဒီစကားကို အကြိမ်ကြိမ်ကြားဖူးပေမယ့်
အရင်နဲ့မတူတဲ့ခံစားချက်တွေ သူ့ရင်ထဲတိုးဝှေ့လာတော့တယ်

"Baby...." Jinyoung Yien ကို တစ်ခုခုဖြစ်နေပြီလား မေးဖို့ကြိုးစားလိုက်ပေမယ့် ဖုန်းချလိုက်တဲ့ အသံကြောင့် ပြန်ခေါ်ဖို့ကြိုးစားပေမယ့် Yien မကိုင်တာကြောင့် jinyoung လေးလံနေတဲ့စိတ်တွေနဲ့ Yien နဲ့ သူ့ ဓာတ်ပုံလေးတွေဆီကို လျှောက်သွားရင်း
ဓာတ်ပုံထဲက သူ့ကိုပြုံးပြနေတဲ့ Yien မျက်နှာလေးကို ထိရင်း နှုတ်ကရေရွတ်နေမိတယ်
"I love you too YiEn Tuan "

Yellow RoseWhere stories live. Discover now