uuသမင်မင်းသား၏ရွှေကြာပန်း part -12

1.2K 144 43
                                        


လုဟန်သည် မိမိကနှစ်ခြိုက်စွာ နမ်းရှိက်နေမိသော်လည်း ရှူးမင်က မတုံ့ပြန်သည့်အတွက် ပို၍ အမျက်ထွက်လာမိသည်။
တစ်ချက်တစ်ချက်ရုန်းချင်သော ရှူးမင်အား ခါးမှကိုင်ပြီး မိမိနှင့်ထိမိအောင်ဆွဲကပ်ကာ အဆက်မပြတ်နမ်းနေလိုက်သည်။ ဟောသည်လုဟန်
အားငြင်းဆန်သော သူသည်မထင်မှတ်သော တုံ့ပြန်မှုမျိုးကိုသာရမည်ဖြစ်၏။ ရှူးမင်မကြိုက်မှန်း
သိသော်လည်း အချိန်အတော်ကြာ ဤကဲ့သို့ပြုမူ
နေခြင်းမှာ ခမည်းတော်နှင့်ပူးပေါင်း၍ ထိမ်းမြား
မင်္ဂလာအားနောက်ဆုတ်ရန် သဘောတူညီလိုက်ခြင်း
ကြောင့် အပြစ်ပေးခြင်းဖြစ်၏။ ရှူးမင်သည် မိမိ၏ထိန်းချူပ်မှူအောက်တွင် တုတ်တုတ်မျှမလှုပ်နိင်ပေ။ အားရစွာ နမ်းရှိုက်ပြီး၍
မိမိလွှတ်ပေးလိုက်သောအခါ တွက်ဆထားသည့်အတိုင်း မိမိပါးဆီသို့လာမည့်
သူမ၏လက်ဖဝါးလေးအား ဆွဲဖမ်းလိုက်သည်။
လုဟန်သည် ယခုချက်ချင်း ၄င်းအားပွေ့ချီ၍
မြင်းပေါ်သို့တင်ပြေးချင်နေမိသော်လည်း မိမိအား
တစ်သက်လုံးမုန်းတီးသွားမည်ကိုစိုးရိမ်၍ ဆန္ဒအား
မြိုသိပ်ထားလိုက်ရသည်။ ရှူးမင်သည် အလွန်စိတ်ဆိုး
နေကြောင်းသိသာလှသည်။ သူမ၏မျက်နှာသည် နီရဲနေပြီး မျက်လုံးများမှာလည်း မီးဝင်းဝင်းတောက်နေသည်။ လုဟန်သည် သူမ၏လက်အားမလွှတ်ဘဲ သူမအားဆွဲယူပြီးလျှင်
တင်းကျပ်စွာဖက်ထားလိုက်ပြန်သည်။ သူမထံမှ
ကိုယ်သင်းနံ့လေးကိုရတော့ အဲသည်ညက ခံစားမှုမျိုးကို ပြန်လည်တပ်မက်လာလေပြန်သည်။
လုဟန် စိတ်ထိန်းစမ်း။ကိုယ့်ကိုကိုယ် သတိမနည်းပြန်ပေး၍ ရှူးမင်အားလွှတ်ပေးလိုက်သည်။ ထိုအခါ ရှူးမင်ထံမှ
လာသော မြောက်မြားစွာသော စကားလုံးများ၏ထိုးနှက်ချက်ကို မိမိခံယူလိုက်ရလေသည်။

'သင့်လို မိုက်မဲတဲ့လူတစ်ယောက်ကို ချစ်မြတ်နိးခဲ့တဲ့ကျွန်ပ်ဟာ ယခုအချိန်မှာတော့
နောင်တကြီးစွာရနေပါပြီ။ သင်ဟာ ကျွန်ပ်ကို အချိန်နှင့်အမျှစိတ်ပျက်အောင် လုပ်နေတယ်ဆိုတာ
သိပါသလား။ သင့်ကိုစွဲလန်းမိခဲ့တဲ့ ကျွန်ပ်ဟာ ယခုဆိုရင် တစ်ခုသောမေးခွန်းကို အကြိမ်ပေါင်းများစွာ ထုတ်နေရပါပြီ။သင့်ကို
ဘာကြောင့်ချစ်မြတ်နိးခဲ့တာလဲ ဆိုတဲ့မေးခွန်းပါ။
ရူးမိုက်ခြင်းဆိုတဲ့စကားလုံးဟာ အဲသည်မေးခွန်းအတွက် အသင့်တော်ဆုံးအဖြေဆို
တာ ကျွန်ပ်ယခုနားလည်လိုက်ပါပြီ။ ဖြစ်နိင်မယ်ဆိုရင်
သင့်ကိုသေမတတ်မုန်းတီးမိခဲ့တဲ့ အချိန်တွေဆီကိုပြန်သွားပြီး ကျွန်ပ်ရဲ့ရူးမိုက်ခြင်းကို
ဆေးကြောချင်မိပါတယ်။'

သမင်​မင်းသား၏​ရွှေကြာပန်းDove le storie prendono vita. Scoprilo ora