ငါဘာလုပ်ရမှာလဲအခုဘာဆက်လုပ်ရမှာလဲဘာလို့ကံကြမ္မာကငါ့အပေါ်ရက်စက်ရတာလဲဘာလို့ငါ့ကိုပျော်ရွှင်ခွင့်လေး
တောင်မပေးရတာလဲ
ကျေးဇူးပြုပြီးငါချစ်တဲ့သူကိုတော့နာကျင်အောင်မနှိပ်စက်ပါ
နဲ့သူ့ကိုထိုးနှက်မယ့်အစားငါပဲခံလိုက်ပါ့မယ်အသက်ရှင်ခွင့်
လေးပဲပေးပါဘုရားသခင်
Churchကျောင်းကြီးရဲ့ခုံတန်းအလွတ်ရှည်များကသူ့ရဲ့အထီးကျန်မှုကိုဝန်းရံပေးနေသလို
Jesusရဲ့အေးချမ်းတဲ့မျက်နှာတော်ကသူ့ရဲ့ဝမ်းနည်းမှုတွေကိုနှစ်သိမ့်ပေးနေသလို
အလင်းရောင်မဝင်ဘဲမှောင်တောင်တောင်ဖြစ်နေတဲ့ဘုရားရှိခိုးကျောင်းကြီးရဲ့မြင့်မားတဲ့နံရံများကအားငယ်နေတဲ့နှလုံးသားကိုစိမ်းကားစွာမျက်ကွယ်ပြုထားသလို
သူဆက်ပြီးအားတင်းထားရမယ်သူချစ်ရတဲ့သူအတွက်ရှေ့
မှာမားမားမတ်မတ်ဆက်ပြီးရပ်တည်ပေးနေမှဖြစ်မယ်အဆိုးဆုံးအချိန်တွေကိုသူနဲ့ဖြတ်ကျော်နိုင်ရမယ်
သူ့လက်ကိုဆုပ်ကိုင်ရင်းနေ့သစ်တစ်နေ့ရဲ့နွေးထွေးတဲ့နေ
မင်းကြီးရဲ့အလင်းရောင်ကိုခံစားစေမယ်
ယုံကြည်မှုတွေခိုင်မြဲနေသရွေ့သူတို့၂ယောက်ရဲ့အချစ်တွေလည်းရှင်သန်နေအုန်းမှာပါ
Yeolမျက်လုံးလေးများကိုအပိတ်မျက်ရည်တစ်ပေါက်လိမ့်ဆင်းကျလာသည်သူပြုံးနိုင်ရမယ်ဒါမှအားငယ်တတ်တဲ့ချစ်သူဝမ်းမနည်းမှာပေါ့ :')
Baekhyunee သူအရမ်းချစ်တဲ့ပရိတ်သတ်ကြီးအတွက်သူမြတ်နိုးတဲ့အနုပညာအလုပ်တွေကိုမသေခင်အချိန်ထိဆက်လုပ်သွားချင်ပါတယ်သူမရှိတော့ရင်တောင်သူဖန်တီးခဲ့တဲ့သီချင်းလေးတွေကလေလိုင်းမှာအမြဲရှင်သန်ပြီးကျန်ရစ်ခဲ့မှာလေသူ့ကိုမေ့
သွားကြရင်တောင်သူ့ရင်ထဲကအနုပညာကိုတော့မှတ်တမ်းတင်နိုင်ခဲ့မှာပါပြီးတော့yeolအတွက်လည်းသူသီချင်းတွေအများကြီးရေးရအုန်းမယ်ဒါမှသူမရှိရင်အဲ့သီချင်းလေးတွေကyeolကိုအဖော်ပြုပေးမှာကိုး
YOU ARE READING
♡ No Promise ♡
Fanfictionအရမ်းတည်တံ့လွန်းတဲ့သတင်းကြေညာသူတယောက်နဲ့ ကြက်ကြော်ပို့တဲ့အထက်တန်းကျောင်းသားကောင်လေး အဆိုတောပေါက်စနလေး တို့ရဲ့အချစ်ဇာတ်လမ်းလေးပါ ထုံးစံတိုင်းOTP က Chanbaek ပါ
