ဘာအပြစ်​ရှိလို့လဲ

74 6 3
                                        

Hurt နာကျင်​မှု ဆိုတဲ့စကားလုံး
အ​ပြော​တော့လွယ်​​ပေမဲ့
ခံစားဖူးတဲ့သူ​ကို​တော့
သေ​စေ​လောက်​တယ်

နာကျင်​မှုများစွာထဲမှ
အချစ်​နဲ့ပတ်​သတ်​တဲ့ နာကျင်​မှု
အဆိုးရွားဆုံး နာကျင်​​စေတယ်

ချစ်​ရသူရဲ့ နှုတ်​ခမ်းဖျားမှ
ပွင့်​အံလာတဲ့ စကားတစ်​ခွန်း
နှလုံးသားကို ဖန်​ကွဲစလို
ကွဲအက်​​ကြေမွ​စေတယ်

ချစ်​ရသူရဲ့ မျက်​ဝန်းမှ
မြင်​​နေရတဲ့ ခံစားချက်​​တွေ
နှလုံးသားကို မီး​တောင်​​ချော်​ရည်​လို
ပူ​လောင်​​စေတယ်

ချစ်​ရသူရဲ့ ငို​ကြွေးတမ်းတမှု​တွေ
နှလုံးသားကို အဆုံးအစမဲ့
သွေးစိမ်းရှင်​ရှင်​ ထွက်​​စေတယ်

ချစ်​ရသူရဲ့ နာကျင်​မှု​တွေ
နှလုံးသားကို အက်​စစ်​နဲ့ပက်​သလို
တဆစ်​ဆစ် နာကျင်​​စေတယ်

ချစ်​ရသူရဲ့ လွမ်းဆွတ်​တမ်းတမှု​တွေ
နှလုံးသားကို ခန္ဓာကိုယ်​ထဲက
ထုတ်​ပစ်​မိတယ်

ထုတ်​ပစ်​မိတဲ့ နှလုံးသား​လေးက
ပြောလိုက်​တဲ့ စကား​လေးတစ်​ခွန်း
"ငါ့မှာ ဘာအပြစ်​ရှိလို့လဲ" တဲ့

Twinkle

POEMS That are not poems (ကဗျာမဟုတ်​​သောကဗျာများ) Where stories live. Discover now