part~2

1.1K 128 3
                                        

ရှုးမိုက်စွာ နှလုံးသားကို ချနင်းပြီး ယွန်ဆိုရာဆို
တဲ့ သူမဆီသို့ ခြေလှမ်းတွေက တဖြေးဖြေးချင်း
ချဉ်းကပ်သွားသည်။ သူမရဲ့သူငယ်ချင်းတွေနဲ့
ရယ်မောကာ စကားပြောတဲ့ သူမပုံစံက အခုလို
ကျတော့လဲ ကလေးတယောက်လို အပြစ်ကင်း
စင်လှသည်။ ဒါပေမဲ့ သူမလဲ လုဟန်ရဲ့ ကစားပွဲ
မှာ ကျရှုံးရတော့မည်။

"ဟိုင်း! ဆိုရာ "

နှုတ်ဆက်ခြင်းနှင့်အစပြုကာ ကျွန်တော် မိတ်ဖွဲ့
ခြင်းစတင်ရမည်လေ။
သူမက ကျွန်တော့်ကိုမြင်တော့ အထူးအဆန်း
ဖြစ်သွားဟန်။ အင်းလေ ကျွန်တော်က အတန်း
ထဲမှာ ချန်းအပြင် ဘယ်သူ့ကိုမှ အရောတဝင်
နေဖူးတာမှမဟုတ်တာ×

"သြော် ဟိုင်း! မင်ဆော့"

သူမက နှုတ်ခမ်းတွေ ကော့ညွှတ်သွားတဲ့အထိ
ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ပြန်ပြုံးပြလေရဲ့။

"ငါ နင့်ကို ပြောစရာရှိလို့"

"အင်းး ပြောလေ"

ခံပြင်းလိုက်တာ!!! ချစ်ရတဲ့သူအတွက် ဖူးစား
နတ်လုပ်ပေးရခြင်းက နှလုံးသားကို ဓားနဲ့မွှန်း
နေသလို

"လုဟန်လေ နင်သိမှာပါ သူပေးခိုင်းလို့"

သူမက မထူးဆန်းတော့တဲ့ ပုံစံဖြင့် ကျွန်တော့်
လက်ထဲက အဖြူရောင်စာအိတ်လေးကို ဖွင့်
ဖတ်လိုက်တော့သည်။
အထဲက လက်ရေးလှလှလေးက ကျွန်တော့်
ကိုယ်တိုင် စာစီကာ ရေးသားထားခြင်း။
ခေတ်နောက်ကျတဲ့ ရည်းစားစာပေးခြင်းပုံစံ
မျိုးကို သာ သူသဘောကျသည်တဲ့ ဒါ လုဟန်
စတိုင်ပင်။ တကယ်တော့ သူကိုယ်တိုင်ရေးတာ
မဟုတ် အရာအားလုံး ကျွန်တော့်တာဝန်သာ။

"နေ့လည် ငါ လုဟန်နဲ့ ကျောင်းခေါင်းမိုးထပ်မှာ
တွေ့မယ်လို့ ပြောပေးနော် မင်ဆော့"

ကျွန်တော် အတတ်နိုင်သမျှ နာကျင်ခြင်းကို ဝှက်ဖဲလုပ်ကာ အပြုံးတုဖြင့် ဟန်ဆောင် ပြုံး
ပြလိုက်သည်။
တကယ်တော့ စာရွက်ပေါ်မှာ ချရေးထားတဲ့
စာသားတွေက ကျွန်တော် သူ့အပေါ်ထားတဲ့
ခံစားချက်တချို့တဝက်တွေသာ။

IFWhere stories live. Discover now