ငါ့နှလုံးသား မင်းဆီမှာထပ်ကျရှုံးရခြင်း: မင်းသိ
လား မင်းက အောင်နိုင်သူကြီးလေ ငါ့အချစ်မှာပေါ့
~~~~~~~~~~~~®®~~~~~~~~~~~~~~~~
ငေးမောစရာ သူ့မျက်နှာလေးရှိပေမဲ့ ကျွန်တော်
မကြည့်ရဲ သူ့မျက်ဝန်းတို့နဲ့ တခါလောက်များဆုံ
မိရင် ကျွန်တော် အသက်ရှုရပ်သွားလိမ့်မယ်
နားထဲမှာ ကြားနေရတာက သူ့ညည်းနေတဲ့
သီချင်းသံ
ခပ်ဆွေးဆွေး သံစဉ်ကို သူက ဆိုနေတော့ ကျွန်
တော် ရယ်ချင်မိသည်။ အဆွေးသီချင်းတွေကို
မင်းခံစားတတ်လို့လား လုဟန်!
ကျောင်းဝန်းထဲရောက်တော့ ကျွန်တော် ချန်းကို
စောင့်ရဦးမယ်။
"သွားမယ်လေ ဘာလုပ်နေတာလဲ"
ကားထဲကနေ လေတချွန်ချွန်နဲ့ ထွက်လာတဲ့သူ့
ပုံစံက မိန်းကလေးတွေ ကြွေချင်စရာ။ ကျောင်း
ဝတ်စုံအကျီင်္တောင် အပေါ်ဆုံး ကြယ်သီးနှစ်လုံး
ကို ဖြုတ်ထားသေး လွယ်အိတ်ကိုဘေးတ
စောင်းနင့်။
"ငါ ချန်းကိုစောင့်ရဦးမယ်"
ကျွန်တော့်စကားကြားတော့ သူမျက်မှောင်ကုတ်
ကာ
"ဘာလို့စောင့်မှာလဲ ငါနဲ့အတူတူသွားမယ်"
ဒီနေ့မှ သူဘာဖြစ်နေတာလဲ အရင်ဆို ကျွန်တော့်ကိုတောင်ဂရုမစိုက်ဘဲ သူသွား
နေကျကို။ အခုမှ ?
"ချန်းကိုစောင့်နေကြပဲလေ အခန်းချင်းလဲတူ
တယ်ဆိုတော့"
သူက စိတ်မရှည်သလို သူ့ရဲ့ ခပ်ဖွာဖွာဆံပင်တွေကြား လက်ချောင်းတွေထိုး
ထည့်ကာ
"ကျစ်!! မင်ဆော့ လိုက်မှာလား မလိုက်ဘူးလား
ဒါပဲပြော"
"မင်း အရင်ကလဲတယောက်ထဲ သွားနေကြပဲ
ကို ငါကချန်းနဲ့က"
ကျွန်တော့်မှာ တွဲစရာဆိုလို့ ချန်းပဲရှိသည်လေ။
အပေါင်းအသင်း မရှိတဲ့ ကျွန်တော့်အတွက်
ချန်းကသာ တဦးတည်းသော သူငယ်ချင်း။
ဒါကြောင့် ကျွန်တော်ခင်တွယ်မိတာ မဆန်းပါဘူးလေ။
"တော်ပြီ မင်ဆော့ စောင့်နေ အဲ့နားမှာ ငါသွား
ပြီ"
စိတ်ဆိုးပြန်ပြီလား မင်းငါ့ကို ဒါလေးတောင်စိတ်
ရှည်ရှည်နဲ့မပြောနိုင်ဘူးလား မင်းဘာကြောင့်
ငါ့ဆို နဲနဲလေးတောင် သည်းမခံတတ်ရတာလဲ
YOU ARE READING
IF
Fanfictionတကယ်လို့သာ မင်းသဘောအတိုင်း ငါမနေခဲ့ရင် မင်းစွန့်ပစ်တော့မှာလား တကယ်လို့သာ မင်းအလိုကျအတိုင်း ငါမဖြစ်လာခဲ့ရင် မင်းမုန်းသွားမှာလား တကယ်လို့သာ......? #XIUHAN Fic
