Episode 6

4.4K 609 90
                                    

" Oh Sehun!! ငါပြုတ်ကျရင်..... အမလေး!!!"

" Oi!!! ဟ! မင်း ဒီပေါ်ကို ဘယ်လို တက်လာတာလဲ?"

ကျောင်းအုပ်ကြီး စာကြည့်ဆောင်၏ ခေါင်မိုးပေါ်တွင် သေရည်တစ်အိုးဖြင့် မှိန်းကာ အပန်းဖြေနေတဲ့ Sehun နားကို အိုးနင်းခွက်နင်းနဲ့ တက်လာတဲ့ Baekhyun ရယ်...

ပြုတ်ကျတော့မလို ဖြစ်သည်မို့ Sehun ဆတ်ခနဲထထိုင်ကာ Baekhyun လက်မောင်းရင်းမှ ဆွဲထိန်းပေးလိုက်သည်...

ယပ်တောင်ကို ခါးကြားထိုး ရွဲ့စောင်းနေတဲ့ ဦးထုပ်နဲ့ Byun Baekhyun ပုံစံက မြင်ရခဲခဲ..

ကယ်တင်ရှင်တွေ့သွားပြီးတဲ့ Baekhyun က ဘေးတွင် ဝင်ထိုင်ကာ စိမ်းဖန့်ဖန့် ပိုးအင်္ကျီတွင်ပေနေသည့် ဖုန်တွေ ခါလျက်...

သူ့ကို Baekhyun တစ်ယောက် အောက်မှ ဆင်းလာရန်ခေါ်နေသည်က အမွှေးတိုင် တစ်တိုင်စာ နည်းပါး...

ကိုယ်ကာယ အသုံးပြုရမည့် လုပ်ရက်ဆို နှာခေါင်းတရှုံ့ရှုံ့ ခေါင်းတခါခါ ငြင်းတတ်သော Baekhyun အကြောင်းသိသဖြင့်...

နားအေးပါးအေးနေနိုင်ရန် " ငါ့ကို ချစ်ရင် တက်လာခဲ့ " လို့ ပါးစပ်ထဲတွေ့ကရာ လျှောက်အော်လိုက်ခြင်း...

အော်လိုက်တုန်းကတော့ စိတ်ထဲဘာမှ မတွေးဘဲ အော်လိုက်ရိုး အမှန်....

တကယ်တမ်း Baekhyun တစ်ယောက်က သူ့အကျင့်နှင့် မကိုက်ညီသည့် စွန့်စားမှုတစ်ခုကို  စိန်ခေါ်လာတော့ ရင်တွင်းတစ်နေရာက အီလည်လည်...

" ငါ Hunnie ကို ချစ်တာ ယုံပြီလား?"

ထိုစကားက ရုတ်တရက်ကြီး သူ့ကို အာခေါင်တွေ ခြောက်လာစေသည်မို့ ဟန်မပျက်ထိန်းရင် သေရည်တစ်ငုံသာ မော့ချလိုက်သည်..

အခုဆို Byun Baekhyun မှာ သူ့ကိုတောင် လိမ်ပြောပြီး ကာကွယ်စောင့်ရှောက်ချင်နေတဲ့ ချစ်သူရှိနေပြီတဲ့လေ...

[[ အထင်မမှားစမ်းနဲ့ Oh Sehun..]]

" အမလေး...ခေါင်မိုးက တကယ်ကြီး မတ်တယ်ဟ!"

" ဘာလို့ ရှည်ပြီး တက်လာတုန်း!"

" Hunnie ကို ချစ်ရင် တက်လာဆို! Hunnie အတွက်ဆို ဒီ Byun Baekhyun က ခေါင်မိုးမပြောနဲ့ ဓားတောင်ဆိုရင်တောင် တက်မှာ"

I'm Byun Baekhyun!Where stories live. Discover now