Story ❇8❇

5.6K 678 48
                                        

မျက်ခွံကိုအနည်းငယ်ဟမိသည်နှင့် ခပ်စူးစူးအလင်းတို့တိုးဝင်လာသည်ကိုခံစားမိသည် ။ အဖြူ ရောင်အလင်းတန်း ။

ပြီးတော့. . . အဖြူ ရောင်မျက်နှာကျက် ။ ခေါင်းတစ်ချက်ငဲ့မိစဉ် လည်တိုင်မှစူးစူးရှရှနာလာ၏ ။ ကျွန်တော်. . . . ။
ဘယ်မှာလဲ. . .? ဘာဖြစ်ခဲ့တာလဲ. .? ။

'' သတိရပြီလား. . ''

အသံကြားရာဘက်သို့ပြန်လှည့်ကြည့်မိစဉ်. . အပြုံးနှင့်ဆီးကြိုသော မျက်နှာစိမ်းတစ်ခုကိုမြင်ရသည် ။

'' ကျွန်တော် ဘာ. .ဖြစ်တာ. .လဲ. .? ''

လေဆက်ပြတ်သော ကျွန်တော့်စကားကို ထိုလူမှအပြုံးမပျက်ခေါင်းငြိမ့်ပြရင်း. . ။

'' ခင်ဗျား ဆေးရုံရောက်နေတယ် တိုက်ပေါ်ကပြုတ်ကျတာလေ မမှတ်မိဘူးလား. .''

ပြုတ်ကျတယ် ? တိုက်?
ကျွန်တော် တစုံတရာကို သတိရလာသလိုရှိသည် ။ ဒါပေမယ့် ဘာလို့ ဒီလူလဲ. .။ ကျွန်တော် အောက်မကျမီကြားခဲ့မြင်ခဲ့သည်ကကော. .။

'' တော်သေးတယ် တခါထဲအောက်ကိုမကျပဲ တိုက်ဘေးကမိုးကာပေါ်ကိုကျပြီးမှ အောက်ကပန်းခြုံတွေပေါ်လျောကျလာတာမို့ သိပ်မထိခိုက်လိုက်ဘူး ခြေထောက်ပဲနည်းနည်းထိသွားတယ် သမံတလင်းပေါ်ကျရင် ခင်ဗျားမလွယ်ဘူး ''

ပတ်တီးဖွေးဖွေးနှင့် ညာဘက်ခြေထောက်ကိုတစ်ချက်သာငုံ့ကြည့်ပြီး စုံစုံစေ့စေ့ရှင်းပြနိုင်လွန်းသောထိုလူကိုသာကျွန်တော်စိုက်ကြည့်နေမိသည် ။ ဘာလို့များ ဒါလောက်တောင်. .။

'' သြော် ကျွန်တော်က အဲ့ဒီနားမှာ လမ်းမေးမလို့ကားခဏရပ်ထားတဲ့အချိန်လေ အသံကြားလို့လှည့်ကြည့်တော့ ခင်ဗျားပြုတ်ကျလာတာတွေ့တာပဲ ဆေးရုံလဲ ကျွန်တော်ပဲခေါ်လာတာ ဒါကြောင့် . . ''

မျက်ဝန်းထဲမှအမေးစကားများသိပ်သိသာလွန်းသွားခဲ့သ
လား တိတိကျကျပင် အဖြေပေးလာသောလူစိမ်းကိုကျွန်တော်နည်းနည်းအားနာသွားသည် ။

'' ကျေးဇူးတင်ပါတယ် . . ကူညီပေးတာ. . ဟို. .''

ထိုသူ၏ အနှမြောမရှိရက်ရက်ရောရောပေးခြွေနေသော အပြုံးများက ပါးပြင်ထက်ရှိပါးချိုင့်နက်နက်နှင့်ပေါင်းစပ်တော့ ပို၍ ဖော်ရွှေချိုမြနေခဲ့သယောင် ။

[ဒုတိယ]ကြယ်ပုံပြင်|| HunHan OTP Completed ||Donde viven las historias. Descúbrelo ahora