🌟

118 8 1
                                    

ဘဝမှာ သူစိမ်းတစ်ယောက်ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်ရလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး

အမှတ်မထင် ကိုယ့်ဘဝထဲ သူဝင်ရောက်လာတယ် ကိုယ့်ရင်ဘက်ထဲက နေရာတွေကို အပိုင်စီးသွားတယ်

ချစ်စရာမှဲ့လေးတွေ သိပ်ပေါတဲ့ အဖြူရောင်ကြယ်လေး ...
အချစ်ရဲ့ ဘယ်ဘက်လက်မလေးပေါ်မှာ မှဲ့နက်နက်လေးတစ်လုံးရှိတယ်
နှုတ်ခမ်းထောင့်စွန်းလေးမှာလည်း မှဲ့သေးသေးလေးတစ်လုံးရှိသေးတယ်
နားရွက်ဖြူဖြူလေးပေါ်မှာရောပဲ ....
ချစ်စရာကောင်လေးမှာ ချစ်စရာမှဲ့လေးတွေက ကိုယ့်ရဲ့မနာလိုခြင်းတွေပဲ .... သူ့နဲ့မွေးကတည်းက အတူရှိနေခဲ့ရတဲ့အတွက် အဲမှဲ့လေးတွေက သူ့အကြောင်းအကုန်သိနေခွင့်ရတာ ဘယ်လောက်မနာလိုစရာကောင်းတုန်းဆိုပြီး စိတ်ရူးပေါက်ပေါက်တွေတွေးလို့ ကိုယ်ဟာ အရူးမကြီးဖြစ်ရတယ် ><

သူ့သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ စကားပြောရင်း စနောက်ရင်း အားပါ လာတဲ့အခါ အသံက ကျယ်ကျယ်စူးစူးလေး ထွက်လာတတ်တယ် ... တေးသီချင်းတွေဆိုညည်းတဲ့အခါကျ ချိုချိုအေးအေးလေးဖြစ်သွားပြန်ရော ...

နှုတ်ခမ်းအထက်မှာ မှဲ့ရှိတဲ့သူတွေက စကားများကြတယ်လို့ မေမေက ပြောဖူးတယ်
သူကတော့ မေမေ့ပြောဖူးတဲ့ စကားအတွက်သက်သေ xD
အဲ ... သူကတော့ တစ်ခုပိုတယ် စကားလည်း အရမ်းတတ်တယ်

အချစ်ရဲ့လက်က ထောင်လိုက်ရင် သူများတွေလို တည့်နေဘူး မိုးကြိုးသွားလို ကောက်နေတယ် ... သူ့လက်ကောက်နေကြောင်းကို ကြွားစရာမရှိရှာကြံကြွားတတ်သေးတာ :3

လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေလည်း ပိုင်ထားသေးတယ် ... မျက်နှာမမြင်ရသေးပဲ လက်ချောင်းလေးတွေမြင်ရုံနဲ့တင် အချစ်စိတ်တွေယိုဖိတ်စေလောက်အောင် သူ့လက်ချောင်းလေးတွေက အရမ်းလှတယ်

သူပျင်းလာလို့ ဘာမှလုပ်စရာမရှိရင် တစ်ခါတလေ သူ့
လက်သန်းဖြစ်စေ လက်ညှိုးဖြစ်စေ လက်အဆစ်ကလေးတွေကို သွားနဲ့ကိုက်ပြီး ဟိုငေးဒီငေး နဲ့ အကျင့်လေးက အသည်းယားစရာ ...

ရယ်လိုက်ရင် လေးထောင့်ပုံကျကျ ပြောင်းလဲ သွားတဲ့ နှုတ်ခမ်းတစ်စုံရှိတဲ့ အချစ် ... ဆန်းကျယ်တဲ့ ချစ်စရာပုံရိပ်တွေကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်ကြယ်လေး

I wanna flyWhere stories live. Discover now