အခန်း(၃)မိုးည၌ပျံ့လွင့်လာသောပလွေသံ

52.9K 3.2K 271
                                    

[[U]]

ထုန်အန်၏မနက်ခင်းဟာဟန်ကျိုးလောက်နီးနီးကိုဆူညံနေသည်။လုချန်ရွေးချယ်ထားသောတည်းခိုခန်းကလမ်းဘေးမှာရှိနေတာကြောင့်လည်းပါသည်။လုချန်ဟာမနက်အစောကြီးထဲကအိမ်မက်ကမ္ဘာထဲကနေနိုးလာခဲ့သည်။တာ့ထုန်မင်းဆက်မြို့တော်၏ကြွယ်ဝချမ်းသာသောလူနေမှုဘဝပုံစံများနှင့်သိကျွမ်းစပင်ပြုလာခဲ့သည်။

နွမ်းနယ်နေသောမျက်လုံးတွေကိုပွတ်သတ်လိုက်ပြီးအဝတ်အချို့ကိုပုခုံးပေါ်တင်ကာလမ်းအခြေအနေကိုပြတင်းပေါက်ကနေရပ်ကြည့်လိုက်သည်။အောက်တွင်အစားအစာတွေရောင်းတဲ့အတန်းဖြစ်ပြီးဟင်းချက်စရာတွေဝယ်ဖို့မနက်အစောကြီးထဲကထလာကြသောဇနီးသည်များနှင့်လုချန်နားလည်ရန်ခက်ခဲသောမြောက်ပိုင်းသားလေသံများနှင့်စျေးခေါ်ကာအော်ဟစ်နေသောစျေးသည်များနဲ့လမ်းတစ်ခုလုံးပြည့်နေသည်။မနက်စာရနံတွေဟာတစ်ဆင့်ပြီးတစ်ဆင့်ဖြတ်သန်းပြီးလုချန်နှာဖျားဝသို့ရောက်ရှိလာကြသည်။

ရနံတွေဟာနေ့စဥ်ဘဝကိုဖော်ပြလျက်စိတ်ပျော်ရွှင်ကြည်နူးစေနိုင်သော်ငြားလည်းဝမ်းနည်းစိတ်ပျက်ခြင်းတွေဖုံးလွှမ်းနေသောလုချန်ရင်တွင်းကိုတော့မစွမ်းသာနိုင်ဘူး။

မနေ့ကတမူထူးသောမြို့တော်ရှိအိမ်ငယ်လေးထဲမှာနာမည်တောင်အပြည့်အစုံမသိတဲ့စကားပြောရင်ရိုင်းစိုင်းသည့်အရမ်းချောမောလှပသောထိုယောကျ်ားထံမှပဲလူမဆန်ဘဲအတင်းအဓမ္မလုပ်သွားသောကိစ္စရပ်ကဒုတိယအကြိမ်ထပ်ဖြစ်ခဲ့ပြန်ပြီ။

တောင်ဘက်နယ်တစ်ခွင်ဝူလင်သိုင်းပညာရှင်လောကမှာတရားဥပဒေမဲ့သောသခင်တစ်ပါးအနေအဖြစ်နာမည်ကျော်ကြားခဲ့သောသူလိုလူဆီမှာဒီလိုကိစ္စရပ်တွေထပ်ခါထပ်ခါဖြစ်နေတာကိုမယုံကြည်နိုင်သေးဘူး။ကြီးကျယ်မြင့်မားတဲ့ခံယူချက်တွေကိုမြဲမြံစွာနှလုံးသွင်းထားလျက်ရှိသည့်လုချန်အတွက်တော့ဒီလိုမျိုးအဖြစ်အပျက်တွေကိုလက်ခံရန်ခက်ခဲလှသည်။

စိတ်ကဒီအရာတွေကိုမလက်ခံနိုင်စေကာမူဒီလူယုတ်မာထည့်သွားတဲ့ဆေးအာနိသင်ပြယ်မပြယ်မသေချာသေးဘဲနဲ့မိုင်ထောင်ချီကွာဝေးသောဟန်ကျိုးကိုသတ္တိမွေးလျက်ကောက်ခါငင်ကာမပြန်ရဲသေးဘူး။

Hua Hua You Long[花花遊龍]Where stories live. Discover now