အခန်း(၆)ပြတင်းငယ်နှင့်နွေးထွေးသောအကာအရံ

51K 2.8K 152
                                    

[[U]]

ဆက်တိုက်မည်းမှောင်နေသောနေ့ရက်များကုန်ဆုံးသွားသောအချိန်တွင်ထုန်အန်ကောင်းကင်တခွင်သည်လည်းကြည်လင်လာ၏။လှပသောနေရောင်ခြည်သည်ရှေးဆန်သောမြို့တော်၏ချောင်ကြိုချောင်ကြားနှင့်တွင်းကလေးများပါမကျန်နေရာကြားလပ်မရှိဖြာကျလျက်ရှိသည်။အဆမတန်ခမ်းနားကြီးကျယ်မှုများသည်နေရာအနှံ့ဖြန့်ကျဲကျနေပြီးမြို့တော်၏သဘောထားကြီးမှုများနှင့်တင့်တယ်ထည်ဝါမှုများကိုပို၍ပင်မီးမောင်းထိုးပြနေသလိုတစ်ချိန်တည်းမှာပဲယွဲ့လုံတံတားအနီးရှိခြံဝန်းငယ်တွင်ယာယီနေထိုင်သူလုချန်သည်လည်းအဝတ်အစားတောက်ပစွာနှင့်ပိုမိုပင်ကြည့်ကောင်းနေသည်။

"အစ်ကိုလု..ပြီးပြီလား"

စီကျွမ်းကအိမ်ရှေ့ခန်းမှာထိုင်နေရင်းအတွင်းခန်းတွင်အဝတ်လဲနေသောလုချန်ကိုပြုံး၍လှမ်းမေးလိုက်သည်။

"အင်း...အခုပဲသွားရအောင်"

အိပ်ခန်းတွင်းမှအပေါ်ဝတ်ရုံကြိုးစကိုချည်ရင်းသွက်လက်စွာထွက်လာကာပြန်ဖြေလိုက်သည်။

ဒီနေ့ဟာသူရဲကောင်းစုဝေးပွဲ၏ဆဠမအချီပြိုင်ရမည့်နေ့ဖြစ်သည်။တနည်းပြောရမည်ဆိုလျှင်ပြိုင်ဖက်ကိုအနိုင်ရပြီဆိုတာနှင့်လူယုတ်မာကောင်သန္ဓေပြောင်းလူသားကျင်းဖမ်းဆုပ်ထားသောလက်ထဲကထာဝရလွတ်မြောက်ကာဟန်ကျိုးမှတောင်ဓားမြတွေ၏ဘုရင်အဖြစ်လွတ်လပ်သောဘဝသို့ပြန်နိုင်မည့်နေ့ဖြစ်သည်။

မထင်မှတ်ထားဘဲမနေ့ကမှသာတွေခဲ့ဖူးသောချောမောသောလူငယ်စီကျွမ်းဟာမနက်အစောပိုင်း၌ရောက်လာပြီးသူရဲကောင်းစုဝေးပွဲအားအတူသွားချင်ကြောင်းလာပြောသောကြောင့်လုချန်ရင်တွင်း၌ဝမ်းမြောက်မှုများကအညှောက်ပေါက်ဖွားလာခဲ့သည်။နောက်ဆယ်နှစ်ဆိုသောအချိန်ကာလ၏ကံကြမ္မာအဆုံးအဖြတ်ကိုရွေးချယ်ပေးမယ့်ပြိုင်ပွဲ၏အကြိုကာလဖြစ်၍လုချန်စိတ်လှုပ်ရှားနေမိတာကြောင့်နှစ်သိမ့်ပေးပြီးစကားစမြည်ပြောရန်လူတစ်ယောက်ရှိလျှင်နည်းနည်းစိတ်သက်သာရာရမည်ဟုထင်မိသည်။

"အစ်ကိုလု"

စီကျွမ်း၏ရိုးသားပြီးချစ်စဖွယ်ကောင်းသောမျက်နှာလေးကလုချန်ကိုရယ်ပြုံးစေသည်။ဟိုလူယုတ်မာကောင်ထက်တော့အများကြီးနှစ်လိုဖွယ်ကောင်းသည်။

Hua Hua You Long[花花遊龍]Where stories live. Discover now