Part 3

31.3K 3.2K 181
                                    

"ရှိုင်းထွဋ်.."

"မေ.."

"ဘာမေလဲ..ကဲဟာ.."

ဖြောင်းခနဲနေအောင် အရိုက်ခံလိုက်ရသောကြောင့် ရှိုင်းထွဋ် ကျောကော့သွားသည်။ ပြောင်လိုက်သည့် လက်သံ။ သူ့မိခင် ဒေါ်မိမိတင်သည် လက်ကတိုသလောက် အရိုက်ကသန်သည်။ တစ်ချက်၊ တစ်ချက် သူ့ကျောကို ရိုက်လိုက်လျှင် အဆုတ်ကွာမလား ထင်ရသည်။ အခုလည်းကြည့်။ ကျောင်းအုပ်ရုံးခန်းထဲသို့ရောက်သည်နှင့် ဘာဖြစ်သည်လဲ မမေး။ ဘယ်သူစလဲ မသိချင်။ သူ့ကိုဆော်ဖို့သာ နားလည်သည်။

"ထွဋ်ထွဋ်.. နင် ဒီဒီ့ကို ဘာလုပ်ပြန်ပြီလဲ။"

"သူ အရင်စတာ မေမေရ။"

"ဘာလဲ ဒီဒီက နင့်ကို ဘယ်တုန်းကမှ ရန်မရှာဘူး။ နင်ပဲ ခွေးရူးအရိုးမြင်သလို ဒီဒီ့တွေ့တိုင်း ရန်လိုနေတာ။"

ဒေါ်မိမိတင်သည် လုံးလုံးပြည့်ပြည့်ဖြစ်သည်။ အ၀ကြီးတော့မဟုတ်။ အရပ်က ပုသောကြောင့်သာ တုတ်တုတ်ခိုင်ခိုင်လို ထင်ရခြင်းဖြစ်သည်။ အလှအပမကြိုက်။ သနပ်ခါးတောင် သူမ စိတ်ပါမှလိမ်းတတ်သည်။ ဆံပင်ကိုလည်း အသက်ကြီးမှ အသိမိတ်ဆွေတွေ ၀ိုင်းပြောလွန်း၍ ဆံထုံးထုံး၍ရလောက်အောင်သာ ခပ်ရှည်ရှည်ထားခြင်းဖြစ်သည်။

"မဟုတ်ပါဘူး မမမိရယ်။ ဒီကောင်လေး ဆိုးလို့ပါ။ သူ သွားစတာ သေချာတယ်။ သား ရှိုင်းက ဘယ်တုန်းကမှ မလိုဘဲ မလုပ်ဘူး။ အခုခံရတာ နည်းတောင်နည်းသေး။"

ဒါက ဒေါ်မြလေး။ ဒီမိုးယံ၏ မိခင်။ အသက် လေးဆယ်ကျော်နေတာတောင် မိန်းမပျိုတစ်ယောက်လို လှတုန်း၊ နုတုန်း။ ချပ်ရပ်သော ကိုယ်မှာ အ၀တ်အစားမတောက်ပြောင်ပေမယ့် ယဉ်ယဉ်လေးနှင့် ချစ်ဖို့ကောင်းသည်။ စကားပြောလျှင်လည်း ဘယ်တော့မှ အလောမကြီးသလို အလျှင်မလို။ လေသံအေးအေးလေးနှင့် နားဝင်ချိုအောင် ပြောတတ်သည်။

ဒီလိုမိခင်မျိုးကိုရထားသော ဒီမိုးယံကို ရှိုင်းထွဋ် မနာလိုဖြစ်မိသည်။ ဖြစ်နိုင်လျှင် သူ့မိခင် ဒေါ်မိမိတင်နှင့် လဲလိုက်ချင်သည်။

"ဘယ်ကလာ မြလေးရယ်။ ထွဋ်ထွဋ်ကြောင့်ပါ။ ကြည့်ပါဦး.. ကလေး မျက်နှာတစ်ခြမ်းလုံး ဖူးရောင်နေတာပဲ။"

ဆူးWhere stories live. Discover now