အခန်း(၁၁)Volume-2

46.3K 2.7K 399
                                    

[[U]]

ထုန်အန်၏ညတွေဟာတောင်ပေါ်ကအချိန်တွေနဲ့လုံးလုံးလျားလျားပင်ကွာခြားလှသည်။

မြို့တော်ဖြစ်တာကြောင့်ညအတော်နက်နေပြီဖြစ်သော်လည်းအဝေးကနေပြီးမီးနီပြဒေသ၊အရက်ဆိုင်၊ပြည့်တန်ဆာအိမ်တို့ဆီမှမီးအလင်းရောင်မပြတ်ဝိုးတဝါးမြင်နေရဆဲ။ဝေးကွာသောနေရာမှကျယ်လောင်သောရယ်သံသည်ဤအဆောင်တော်အတွင်းပိုင်းအထိတောင်ရောက်ရှိလာ၏။

ဆွေကြီးမျိုးကြီးအိမ်တော်အတွင်းဝင်ရခြင်းသည်သမုဒ္ဒရာချောက်ထဲနစ်ဝင်သွားသလိုသာ။စာအုပ်တွေအများကြီးမဖတ်ဖြစ်ပေမဲ့ထိုစာကြောင်းကိုလုချန်ကြားဖူးခဲ့သည်။ဤစကားသည်ဆွေကြီးမျိုးကြီးယောက်ျားကိုလက်ထပ်ပြီးဘဝတစ်သက်တာလုံးအထီးကျန်ကာအိမ်တွင်းရေးကိစ္စများကိုသာတကုပ်ကုပ်စီမံနေရသောမိန်းမများအားဆိုလိုခြင်းဖြစ်သည်။ထိုကဲ့သို့သောကံတရားနှင့်ကြုံတွေရလိမ့်မည်ဟုအလေ့ကျမက်သောအိမ်မက်ထဲတောင်ထည့်မမက်ဘူးခဲ့ပေမယ့်အခုတော့လုချန်တစ်ယောက်တည်းအထီးကျန်စွာခံစားနေရပြီ။

သူ့စိတ်အခြေအနေနှင့်ခံစားချက်များကိုရှင်းလင်းစွာကျင်းရှင်းပြလို့ပြန်လိုက်လာခဲ့တာအခုဆိုနှစ်ဝက်တောင်ကျော်လာခဲ့ပြီ။သူ့ဘေးနားတွင်လွတ်လွတ်လပ်လပ်ရှိနေနိုင်စေရန်ရာထူးအတန်အသင့်မြင့်သောဂုဏ်ပုဒ်ကြီးသည့်အမတ်မင်းဘွဲ့ဖြင့်မြှောက်စားခဲ့သည်။

ထို့အပြင်ရာထူးမြင့်အဆင့်အတန်းသည်အကြွေစေ့လောက်သာသောစကားနှင့်အမူအရများသာ။ရာထူးရထားသော်ငြားလည်းလုချန်ထံတွင်အမိန့်အာဏာလုပ်ပိုင်ခွင့်ရေရေရာရာဆုပ်ကိုင်ထားခြင်းမရှိ။နေ့စဉ်လုပ်ရသည့်တာဝန်ကကျင်းကိုအဖော်ပြုပေးတာ၊စားသောက်တာ၊ပျော်ပါးတာစသည်ဖြင့်သာရှိသည်။

အလွန့်အလွန်ပြီးပြည့်စုံသောစားသောက်ပွဲများ၊အဆုံးမရှိသောအနုအလှပြေပြစ်ခြင်းများ၊ရင်ထဲထိစေသောအဆိုအကများသည်အစပိုင်းမှာတော့လုချန်ကိုလွန်စွာစိတ်လှုပ်ရှားစေပေမယ့်ထပ်ကာထပ်ကာမြင်နေရတော့တစ်လတောင်မပြည့်သေးပဲပျင်းရိလာခဲ့သည်။

Hua Hua You Long[花花遊龍]Where stories live. Discover now