About Story

293K 9.5K 112
                                    

Zawgyi







ချစ်တဲ့အိ

5th NOV 2017


Unicode
အရိုးသားဆုံးဝန်ခံရရင်ကိုယ်ပိုင်ဇာတ်ကောင်တွေကိုဖန်တီးချင်တာကြာပါပြီ။မမမွန်၊ ဆုငယ်လေး နဲ့ ညမွှေးလေးတို့လိုဇာတ်အိမ်ခိုင်ခိုင်၊ဇာတ်ကောင်နိုင်နိုင်နဲ့ဂရုတစိုက်အသက်သွင်းထားတဲ့စာမျိုးရေးချင်ခဲ့တာ။အခုထိကတော့မဖြစ်နိုင်သေးဘူးရယ်။

ကိစ္စတွေအများကြီးဖြစ်သွားပြီးတဲ့နောက်Fanfiction တွေရေးဖို့ကိစ္စ ခဏလေးရပ်ထားရတယ်။

ရှိတာလေးတွေတောင် unpublish လုပ်ထားရတဲ့အချိန် စာကလဲရေးကိုရေးချင်နေတာမရေးရရင်မနေနိုင်တော့ဘူးဆိုတာမျိုး။ဟိုနေ့ကMethod ရဲ့ Trailer ကိုကြည့်မိရော လူကမရိုးမယွဖြစ်လာတယ်
You tube ကိုသွား မွှေနှောက်ရှာတော့Behind the sense တွေ Interview အတိုလေးတွေ Photo shoot တွေတွေ့လာတော့plot တစ်ခုတွေးမိသွားတယ်။ရေးချင်တဲ့စိတ်ကအရမ်းကိုဖြစ်လာတာနဲ့
ညီမလေးတစ်ယောက်ကိုဖုန်းဆက်သိချင်တာတွေမေး သူကလဲအားရဝမ်းသာပြောပြနဲ့ ရေးဖြစ်သွားတယ်။

သူအားပေးလို့လဲပိုရေးချင်လာတာကျေးဇူးပါပဲခလေးလေး LoveryNectar......

စိတ်ကလေမီးမီးလေးကိုနို့တိုက်ရင်းလဲအဲ့ plot ကိုပဲတွေးနေမိတယ်။ဘယ်လိုရေးမယ် ဘယ်လိုရေးမယ်ပေါ့ပြောချင်တာက ချက်ချင်းတွေးချက်ချင်းရေးလိုက်တာမို့အမှားတွေ၊လိုအပ်ချက်တွေအများကြီးရှိနေမှာပါ ။ရေးချင်လွန်းတဲ့စိတ်ကြောင့် ဖန်တီးလိုက်ရတာမို့ နားလည်ပေးပါ။
အချိန်ရရင်ဖတ်ရှုအားပေးကြပါလို့တောင်းဆိုပါတယ်။ ဇာတ်ကောင်နာမည်တွေကိုလဲကိုယ်တိုင်ပေးထားတာဖြစ်ပြီးအကယ်၍အဲ့ဒီ့နာမည်တွေကစီနီယာတွေမှာရှိပြီးသားများဖြစ်နေရင်
ဆင်တူနေတာများရှိရင်ပြောပါအိပြင်ပေးပါ့မယ် ပြီးတော့အနူးအညွတ်လဲတောင်းပန်ပါတယ်။
ဇာတ်လမ်းကလဲစိတ်ကူးယဉ်ရေးဖွဲ့ထားတာမို့မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်းအလျင်းမရှိပါဘူး။

ဖတ်မဲ့သူမရှိခဲ့ရင်တောင်အပြီးထိကြိုးစားသွားမှာပါ ဖတ်ပေးရင်တော့အရမ်းပျော်မိမှာပါပဲ

လိုအပ်ချက်တွေနဲ့အိကိုဝေဖန်ထောက်ပြပေးပါFanfic တွေကိုလဲ အခြေအနေတွေပြန်တည်ငြိမ်သွားတာနဲ့
ပြန်ရေးဖြစ်မှာပါအချိန်ရရင်အားပေးပါနော်....

ချစ်တဲ့အိ

5th NOV 2017

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now