မြသော်က

104K 8.5K 206
                                    

Zawgyi

" ငါ့ထက်ပိုမချစ်နဲ့နော်" လို့ပြောလာသည့်

လင်းစက်ကိုကြည့်ပြီးသူ့ရှေ့မှာတော့ရယ်မောလိုက်ပေမယ့် တကယ်တမ်းတော့ကျွန်မစိတ်မကောင်း။

လင်းစက်ရောကျွန်မပါပြည့်စုံကြွယ်ဝသည့် မိဘကမွေးဖွားလာသူတွေချင်းအတူတူ
ကျွန်မမိဘတွေနှင့်လင်းစက်မိဘတွေနဲ့ပုံစံချင်းကမတူပေ။

ဖေဖေကကျောင်းအုပ်ဘဝမှပင်စင်ယူပြီးနောက်ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုတည်ထောင်ထားသူ။
မေမေကတော့ခွဲစိတ်ဆရာဝန်တစ်ယောက် ...။

ကျွန်မမိဘတွေကတစ်ဦးတည်းသောကျွန်မကိုအလိုလိုက်သင့်တာလိုက်ပေမယ့်
စည်းကမ်းတင်းကြပ်စရာရှိရင်လည်းတင်းကြပ်သည်။

မိဘနဲ့သားသမီးကြားလွတ်လပ်ပွင့်လင်းတဲ့ဆက်ဆံရေးဖြစ်ပြီး
တစ်ချိန်တည်းမှာပင် ဂါဝရတရားကိုလည်းမမေ့လျော့စေရ။

လင်းစက်တို့မိသားစုကျတော့တစ်မျိုး....

လင်းစက်လေး၈နှစ်လောက်အထိသူ့မိဘတွေကတစ်ဦးတည်းသောသားလေးကို
လက်ညိုးညွှန်ရာရေဖြစ်စေဖူးဖူးမှုတ်အလိုလိုက်ထားခဲ့သည်။

ကိုယ်ပိုင်စီးပွားရေးကိုပဲစောက်ချလုပ်ကိုင်သူများမို့
သားလေးအပေါ်အချိန်ပေးနိုင်ပြီးအချစ်တွေလည်းပုံပေးခဲ့ကြသည်။

လင်းစက် ၈ နှစ် ၉ နှစ်လောက်ရောက်တော့လင်းစက်ဖေဖေ
ဦးနေလင်းကနိုင်ငံရေးလောကထဲကိုဝင်ရောက်သွားတဲ့အပြင်
လင်းစက်မေမေအန်တီမေသက်နှင်းမှာလည်းအမွှာကိုယ်ဝန်ရလာခဲ့တာမို့
လင်းစက်အတွက်အချိန်မပေးနိုင်ကြတော့။

ပိုဆိုးတာက မွေးလာတဲ့အမွှာလေးတွေကကျန်းမာရေးချူချာလွန်းသူတွေမို့ဆေးရုံနဲ့အိမ်ကို
အိမ်ဦးနဲ့ကြမ်းပြင်ပြေးလွှားနေရတာကြောင့်လင်းစက်ကိုဂရုစိုက်နိုင်မှုတွေတဖြည်းဖြည်းလျော့နည်းလာခဲ့သည်။

သိတတ်စဉ်ကနေဒီအရွယ်အထိမိဘနှစ်ပါးလုံးရဲ့အချစ်တွေကိုသူတစ်ယောက်တည်း

စုပုံရထားသည့်လင်းစက်ဟာသူခွဲဝေပေးလိုက်ရတဲ့အချစ်တွေအတွက်မကျေနပ်နိုင်တဲ့အခါ
သူ့ကိုမေ့ပြီးအရမ်းသည်းပြနေတဲ့အမွှာလေးတွေကိုလည်း သူမချစ်နိုင်တော့။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now