Zawgyi
" ကျွန်မမောင့်ကိုချစ်တယ်"
မျှော်လင့်ထားပြီးသားပေမယ့်ပြတ်သားထက်မြက်ခြင်းနဲ့အတူ
အရွယ်နဲ့မလိုက်အောင်အိနြေ္ဒစောင့်ထိန်းခြင်းတို့ယှဉ်တွဲနေသည့် ထိုမိန်းကလေးထံမှမျက်လုံးခြင်းဆုံအောင်ကြည့်ပြီးပြောတဲ့ စကားအဆုံးကျွန်တော်အားပါးတရတော့ပြုံးမိသည်။
သူများတွေလိုတွေ့တာမကြာသေးဘူးတို့ဘာတို့လည်းမရှိ
ကျွန်တော့ဘက်ကိုလည်း ငဲ့ညှာကာအခုလိုခပ်မြန်မြန်အဖြေပေး တယ်ဆိုပေမယ့်သူမစိတ်ကိုနားလည်နေတဲ့ကျွန်တော့အတွက်
ကျေနပ်စဖွယ်ကောင်းသောအခြေအနေပင်။
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့အတန်ငယ်မြင့်သည်ဟု ပြောလို့ရတဲ့အရပ်အမောင်း...
မိန်းကလေးတစ်ယောက်ရဲ့ရှိသင့်ရှိအပ်တဲ့ခန္ဓာကိုယ်အလှ...
ပြုံးလိုက်လျင်ပေါ်လာတတ်သောသွားစွယ်ဖွေးဖွေးများနှင့်အတူ
ခပ်ပြည့်ပြည့်နှုတ်ခမ်းများကအမြဲတစေငြိမ်းချမ်းတဲ့
စကားသံများသာဖွင့်ဆိုလေ့ရှိသည်။
လေးထောင့်မကျတကျပါဝါမျက်မှန်တပ်ကာခါးထိရှည်လျားသော ဆံနွယ်များနှင့်မိန်းမငယ်အားပုံတုံးကြီးဟုထင်လျင်မှားပါလိမ့်မည်။
ခေတ်အခြေအနေအလိုက်လည်းဝတ်စားဆင်ယင်တတ်ပြီး Social Network များမကျွမ်းကျင်သော်ငြားစာဖတ်အားကောင်းသူမို့
ခေတ်ကိုလည်းမျက်ခြေမပျက်စေရ...။
ချောလိုက်တာဟုဆိုရမည့်အမျိုးအစားမဟုတ်သည့်တိုင် လှသည်ဟု အသိအမှတ်ပြုကိုပြုရမည့်မိန်းကလေးမျိုးပင်။
အန်ကယ်လ်ကသူ့သမီးနဲ့မိတ်ဆက်ပေးချင်ပါသည်ဟု ဖွင့်ဟလာခဲ့စဉ်က ကလေးတစ်ယောက်ဟုပဲထင်မှတ်ထားခဲ့တာ။
တကယ်တမ်းစကားပြောကြည့်မှ အထင်သေးခဲ့မိသလိုဖြစ်သွားတာကို
တောင်အားနာရအောင်သူမကရင့်ကျက်လွန်းသည်။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo