ဇာတ်လမ်း- ၅

76.7K 7.6K 400
                                    

Zawgyi

သော်ရေ အဲ့ဒီမှာအခြေအနေဘယ်လိုနေလဲ
အားလုံးအဆင်ပြေရဲ့လားအန်တီလည်းပါတော့
အရမ်းကြီးမခက်ခဲလောက်ပါဘူး
သော်လည်လုပ်နိုင်မှာပါ မောင်ယုံတယ် ..
မောင်ကတော့ကျောင်းမှာအဆင်ပြေတယ်
ဒီသက်တမ်းကုန်သွားရင်လည်းဒီကိုပြောင်းခွင့်တောင်း
မလားလို့လေကျန်းမာရေးဂရုစိုက်ဦးသော် ...
ကျောင်းပြန်တက်မှ မောင်ပြန်လာတာနဲ့
တိုက်ဆိုင်ရင်တွေ့ကြမယ်လေအတွေ့အကြုံတွေ
ဖလှယ်ကြတာပေါ့ အဆင်ပြေပါစေနော် ...

မောင် "

Email ပို့ပြီးတော့ကျွန်တော်ပြုံးမိသည်။

ကျွန်တော်တို့ချစ်သူဘဝဆိုတာကအဲ့လိုဖုန်းကိုင်လို့ရတဲ့အနေအထားမဟုတ်တော့အဆက်အသွယ်ကရ
တစ်ချက်မရတစ်ချက်။ ဖုန်းပြောဖြစ်ရင်လည်းအလုပ်
အကြောင်းနှင့်ကျန်းမာရေးကိုပဲဦးစားပေးပြောဖြစ်ကြ
သည်။

အရွယ်နဲ့မလိုက်အစစအရာရာနားလည်တတ်ပြီး
ကျွန်တော့လိုအသက်ကလည်းကြီးအလုပ်ကိုလည်း
အရမ်းဦးစားပေးတတ်တဲ့လူကိုမှချစ်သူတော်ထားရတဲ့
သူမကိုအားနာမိပေမယ့်လက်ထပ်ပြီးတဲ့အခါမှ
ပိုပြီးဂရုစိုက်ပေးပါ့မယ်လို့ဖြေတွေးရပါသည်။

ကျောင်းမှာလည်းသုံးရက်လောက့်ဖြစ်နေပြီဆိုတော့
စစချင်းကလိုစိမ်းမနေတော့။ ရင်းရင်းနှီးနှီးနဲ့ဆွေးနွေးကြ၊တိုင်ပင်ကြနဲ့အဆင်ပြေလှသည်။

ကျွန်တော်သဘောအကျဆုံးကတော့မြန်မာလိုအားရ
ပါးရပြောရတာကိုပဲဖြစ်သည်။ဟိုမှာဆိုတစ်ခါတစ်လေ
မြန်မာနဲ့တွေ့မှတစ်ခွန်းစနှစ်ခွန်းစပြောရတာဖြစ်ပြီး
မိုးလင်းကမိုးချုပ်သူများစကားကိုပြောနေရတာလေ။

ဒီရောက်တော့မြန်မာသံကြားရမြန်မာလိုပြောရတဲ့အပြင်
မေမေနဲ့ညီမလေးသေချာပြင်ဆင်ချက်ပြုတ်ပေးတဲ့
မြန်မာအစားအစာတွေကိုပါအားရပါးရစားရတာ
ဝိတ်တောင်တက်လာတော့မယ်ထင်ပါရဲ့ဗျာ။

ညပိုင်းဆိုအိမ်မှာမိသားစုဝိုင်းဖွဲ့ပြီးတစ်နေ့တာ
အကြောင်းတွေပြောဆိုရယ်မောရတာကျွန်တော့
အတွက်အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်များပင် ...။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now