{ep:1}

52.3K 2.1K 23
                                    

အထက်တန်းကျောင်းတစ်ကျောင်းရှေ့သို့ထိုးရပ်လာသောကားတစ်စီး ထိုကားထဲမှဦးစွာထွက်လာသည်ကဖွေးဥနေသောကတ္တီပါဖိနပ်သျှားညိုရောင်လေးကိုစီးထားသောခြေထောက်လေးတစ်စုံ

အဖြူအစိမ်းဝတ်ထားသောထိုအသားဖြူဖြူကောင်လေးကချစ်စရာလေးပင် ဝဝတုတ်တုတ်လေးနဲ့

'သားငယ်Mommyသွားတော့မယ်စာကောင်းကောင်းသင်နော်ကလေးထမင်းလည်းကုန်အောင်စားဦး'

ကျောပိုးအိတ်အဝါရောင်လေးလွယ်ကာဆွဲခြင်းတောင်းလေးဆွဲထားသောထိုကောင်လေးကသူ့ရဲ့မုန့်တွေနဲ့ပြည့်နေတဲ့သူ့ဆွဲခြင်းလေးကိုတစ်ချက်ကြည့်လိုက်ပြီး

'ဟုတ်ကဲ့Mommy'

သူ့မေမေကားထွက်သွားတာနဲ့ကျောင်းဝန်းထဲသို့တက်ကြွသောခြေလှမ်းများဖြင့်လုံးတုံးလုံးတုံးဖြင့်ဝင်သွားလေသည်

သူ့နာမည်က ညီဘုန်းမြတ်...၉တန်းကျောင်းသားတစ်ယောက်
စာတော်ပြီးဉာဏ်ကောင်းတယ်လိမ္မာလို့ဆရာမတွေကချစ်ကြလေသည်
ကျောင်းသားတွေကကြည့်မရပေမဲ့လို့ပေါ့
ရပါတယ်လေယောက်ျားလေးကျောင်းဆိုတော့နည်းနည်းဆိုးချင်တဲ့သူတွေကအများသားရယ် သူကတော့သူများစသမျှပြောသမျှကိုအမြဲဘာမှပြန်မပြောတတ်ချေMommyသူ့ကြောင့်မျက်နှာငယ်ရမှာမလိုလားပေအဖေမရှိဘဲသူ့ကိုတစ်ယောက်တည်းကျွေးမွေးပြုစုထားတဲ့Mommyကိုအမြဲသူ့ကြောင့်ဂုဏ်ယူနေရတာပဲဖြစ်စေချင်တယ်
ပြီးတော့သူမြတ်နိုးရတဲ့တစ်စုံတစ်ယောက်ကိုလည်းသူပြန်ခွန်းတုံ့ပြန်လိုက်လို့သူ့ကိုမုန်းသွားမှာမလိုလားပါ

'ဟောဟော မင်းခန့်ရေ ဟိုမှာမင်းရဲ့ဝက်ကလေးလာပြီ'

ကျောင်းခန်းထဲခြေချလိုက်သည်နှင့်ကြားလိုက်ရတဲ့စနောက်သံ
ထိုအသံရဲ့အနောက်မှာသူ့ကိုလှမ်းကြည့်နေမယ့်သူ့ရဲ့မျက်ဝန်းတွေကိုသိနေတာကြောင့်နားရွက်ဖျားလေးတွေနီရဲလာလေသည်

'အထက်တန်းကျောင်းသားဖြစ်နေပြီအခုထိဆွဲခြင်းတောင်းနဲ့အဲ့ဒါကြောင့်ဝက်ဖြစ်နေတာ'
ခုံနောက်မှာဝိုင်းဖွဲ့ထိုင်နေကြတဲ့သူတွေထဲမှနောက်ထပ်ထွက်လာတဲ့လှောင်ရယ်သံတွေ
ဒါပေမဲ့ထိုလှောင်ရယ်သံတွေထဲမှာသူမပါသရွေ့ကျွန်တော်အဆင်ပြေပါတယ်
ဒီနှစ်မှကျောင်းပြောင်းလာတဲ့သူကစတွေ့တုန်းကလိုမျိုးကျွန်တော့်ကိုခေါ်ပြောခြင်းမလုပ်တော့ပေမဲ့သူ့ကိုမြင်နေရရင်ကိုကျေနပ်မိနေတာ

Mistakes!Where stories live. Discover now