Part 17

5.1K 381 33
                                    


"HATEFUL LOVE"

"Kyung Soo Hyung ကိုကို စိတ်မဆိုးလောက်ပါဘူးနော် "

Baekhyun က ဘယ်လောက်ရိုးသားဖြူစင်လဲ ကြည့်....

သူ့ကိုအနာတရဖြစ်အောင်လုပ်ခဲ့တဲ့သူကို စိတ်မဆိုးရက်တဲ့ အပြင် စိတ်ဆိုးမှာ ကြောက်နေသေးတယ်......

"ညီ... သူ့ကို အပြစ်ပေးချင်တယ်မလား "

လက်နုနုလေးကို ဖမ်းဆုပ်လှမ်းကိုင်တော့ လက်တွေက အနည်းငယ်တုန်ရီလို့........

" ညီ စကားမပြောတတ်ဘူး...  ဆွံ့ အသွားတယ်ဆိုရင် သူ့ကြောင့်ဆိုတဲ့ အသိက သူ့ကိုအပြစ်တခုလို ခံစားနေရလိမ့်မယ် ....

ဟုတ်တယ်မလား....  သူမင်းကို ချစ်ရဲ့သားနဲ့ ညာနေတာကိုလဲ အပြစ်ပေးသင့်တယ်မလား "

လက်ကလေးကို ဖျစ်ညစ်ဆုပ်ကိုင်မိတော့ ပြုံးကာ ခေါင်းညိမ့်ပြတဲ့ Baekhyun ရယ်လေ....

"ငါ့ ညီ လည်ပင်း သက်သာလား "

"သက်သာတယ် Hyung...  နည်းနည်းလေး နာတာကလွဲရင် "

ဝုန်း *

တံခါးကို ဆောင့်ဖွင့်သံကြားလို့ လှည့်ကြည့်တော့ Kai......

"Kai ဘာဖြစ်လာတာလဲ "

"Kyung Soo ကိုယ်နဲ့ ခဏလိုက်ခဲ့ "

Kyung Soo ကို အတင်းလက်ဆွဲပီးခေါ်သွားတာကြောင့် Baekhyun က ကြောင်စီစီနဲ့ ကျန်ခဲ့လေရဲ့.......

"Kai ဘာဖြစ်တာလဲ"

"တောက် * Chanyeol, ဒီနေ့ စေ့စပ်တယ်တဲ့
နောင်နှစ်ရက်နေရင် လက်ထပ်ပွဲတဲ့....ဟာကွာ...
အဲဒီကောင်ကို ငါ့လက်နဲ့သတ်မှပဲ ကျေနပ်နိုင်တော့မယ်ထင်တယ်.... "

နောက်ဆုံးတော့ သူက အဆုံးအထိ ဒီလမ်းပဲလျှောက်မယ်ပေါ့...
သူ့တစ်ယောက်တည်းကိုပဲ ကြည့်တဲ့ကလေးငယ်ကိုပစ်ပြီး...
သူ့ကိုပဲ တစ်ဘဝလုံးလို့ ထင်နေတဲ့ ကလေးငယ်ကို မျက်နှာလွှဲပြီး....

"Kai ဒီ ကိစ္စကို ဒီမှာတင် ရပ်ထား အခန်းထဲထိ သယ်မလာနဲ့ "

Kai ဘယ်လောက်ဒေါသဖြစ်နေလဲဆိုတာ ကျွန်တော်သိတာမို့ အခန်းထဲမဝင်ကတည်းက တားမိလိုက်သည်...
အဓိက baekhyun ကိုမသိစေချင်တာလဲ ပါပါတယ်..

Hateful Love {Complete}Where stories live. Discover now