ဇာတ်လမ်း - ၂၀

71K 7.2K 452
                                    

Zawgyi

ထမင်းချိုင့်ကိုဖွင့်လိုက်တော့မွှေးပျံ့တဲ့ရနံ့ကခပ်သင်း
သင်းလွင့်ပျံ့လာသည်​။ ဟင်းရည်ထည့်ထားတဲ့အပူခံ
သတ္တုဗူးအဖုံးကိုပါဖွင့်ထားလိုက်သည်။

ငါးကြင်းချဉ်ဟုခေါ်သောငါးကြီးချဉ်ကိုပန်းငရုတ်
အပွနဲ့ဆီပြန်ချက်ကာပုစွန်ဆိတ်ငယ်များကို
ငရုတ်သီးစိမ်းနဲ့စပ်စပ်လေးကြော်

ကြက်အရိုးကို ပဲပြား၊ ပဲသွေးနဲ့ ကြာဇံရောကာ
ချက်ထားသည့်​ဟင်းရည်ပူပူနွေးနွေးတစ်ခွက်

အကုန်လုံးညီ့အကြိုက်တွေချည်း။

ဒီကောင်လေးက ယောကျာ်းလေးတန်မဲ့
အစပ်လည်းကြိုက်တယ်ဆလ

ထမင်းနှစ်ချိုင့်ကို ဇွန်းတစ်ချောင်းစီတပ်ပြီး
ညီထိုင်မယ့်စားပွဲဘက်ကိုတင်ပေးထားရင်း
လက်ကနာရီကိုတစ်ချက်ကြည့်တော့
၁၀မိနစ်တောင်စွန်းနေပြီ ဘာလို့မလာသေး ............

တွေးလက်စတို့တစ်ဝက်တစ်ပျက်နဲ့ပင်ရပ်သွားမိသည်

ညီ ........ ဘယ်လာပါ့မလဲ

ကျွန်တော်နဲ့ထမင်းအတူစားဖို့ သူလာမှာ
မဟုတ်တော့ဘူးလေ။

ကျွန်တော်မေ့နေခဲ့တာ။

လွန်ခဲ့တဲ့ကျောင်းပိတ်ရက်ကပဲ ကျွန်တော်ကိုယ်တိုင်
သူ့ကိုကျွန်တော့်အနားကနှင်ထုတ်ခဲ့တာ။

မေ့တတ်လွန်းတဲ့ကိုယ့်ကိုယ်ကိုစိတ်ပျက်လက်ပျက်
တစ်ချက်ရယ်ပြီးထမင်းကိုဇွန်းနဲ့ခပ်ကာစားလိုက်သည်​။

အကျင့်ပါနေတဲ့လက်က ဟင်းတစ်ဖတ်ကိုဆယ်
အရှေ့ကထမင်းချိုင့်ထဲထည့်ပေးမိတဲ့အခါအခုနက
ဆာလောင်နေတဲ့စိတ်ဟာဟုပ်ခနဲငြိမ်းလို့သွားသည်။

စားချင်စိတ်လဲတစွန်းတစမှရှိမနေတော့။

အဲ့ဒီနေ့က ကျွန်တော်ဘာလို့အဆုံးစွန်
နာကျင်အောင်လုပ်မိခဲ့သလဲ ပြန်စဉ်းစားလို့မရ။

ညီဟာ သူဘာမှမလုပ်ပါဘူးဒီတိုင်းလေးပဲ
နေခွင့်ပေးပါဆိုတာတောင် ကျွန်တော်သူ့ကို
အရမ်းကြီးရက်ရက်စက်စက်ပြောခဲ့မိတယ်

မရည်ရွယ်ခဲ့တာအမှန်ပါ

ကျွန်တော့ဆိုလိုရင်းမှာ ညီ့စိတ်တို့ပြောင်းလဲသွား
ရန်သာဖြစ်ပြီးကျွန်တော့်သဘောထားကိုညီနားလည်က
ာအရင်လိုဆက်ဆံရေးမျိုးပြန်ရရန်သာဦးတည်ခဲ့
သည်သာ။

မပြိုသောကောင်းကင်၊မကြွေသောကြယ်Where stories live. Discover now