Ep-4

370 31 12
                                    

ဒီနေ့အဖို့ ကျွန်တော်တို့သုံးယောက်သား ပထမဆုံးလုပ်မိသောအလုပ်မှာ ဖုန်းဆက်ခြင်းပင်.....

''ဟျောင့် ဖြူဖွေး ဖုန်းမ၀င်ဘူးလား''

Sehun မှ စိတ်မရှည်သောလေသံဖြင့် ပြောလေသည်.....

''အေးဟ ဖုန်းက၀င်တယ် ဖုန်းမကိုင်ဘူး''

''ငါလည်းခေါ်နေတာ မကိုင်သေးဘူး''

Chanyeol မှလည်း ဖုန်းမကိုင်သေးသောကြောင့် အားပျက်နေသောလေသံဖြင့် ဆိုလေသည် ....

''Hello''

ရုတ်တရက် Sehun ဆက်နေသောဖုန်းဝင်သွားပီး ထိုဖုန်းထဲမှထူးသံ ကြားသောအခါ ကျွန်တော်တို့နှစ်ယောက်သား Sehun ကို တစ်ပြိုင်တည်းလှည့်ကြည့်မိသည်......

သကောင့်သားသည် ကြံသကာရည် လောင်းခံထားရသောမျက်နှာဖြင့် စကားဆက်ရန်အရှိန်ယူနေလေသည် ....

''Hello Lu လားဟင်''

ကျွန်တော်တို့သည် တစ်ဖက်ဖုန်းထဲကအသံကို မကြားရတာကြောင့် Sehun ၏ မျက်နှာအမူရာကိုသာ မှန်းဆနေရသည် ....

''LuLu သေချာပါတယ်နော် ''

''ဟုတ်ပါတယ် အခုပြောနေတာ ဘယ်သူပါလဲ''

''ကိုယ်ပါ ''

''Nae! ဘယ်က ကိုယ်လဲ''

''အခုပြောနေတာ LuLu ဆိုတာ သေချာပါတယ်နော်''

''ဟုတ် သေချာပါတယ် ဘာလို့လဲမသိဘူး''

''သြော်မသိပါဘူး သူများဖုန်းနံပါတ်ကိုများ ကျောင်းသားစာရင်းထဲ ကောက်ရေးထားသလားလို့ပါ''

''ဘာရှင့် ဘယ်သူမှန်းမသိပဲ လာမကြောင်နဲ့ ရှင်ဘယ်သူလဲမှန်မှန်ပြော''

''ကိုယ်ပါဆို''

''ဘယ်က ကိုယ်လဲ ဒီမှာ ရှင်နဲ့စကားပြောဖို့ အချိန်မရှိဘူး''

''ဘာလုပ်နေလို့လဲ''

''အိမ်သာတက်နေတယ် ဒါပဲ''

တဖက်ကဖုန်းချသွားသည်....
Sehun သည်လည်း လက်တစ်ဖက်က ဖုန်းကိုကိုင်ရင်း ကျန်လက်တစ်ဖက်ကလည်း နှာခေါင်းကိုပိတ်ထားလေသည်......
ရုတ်တရက်ပြောင်းလဲသွားတဲ့သူ့ပုံစံကြောင့် ကျွန်တော်လည်းမနေနိုင်၍မေးလိုက်မိသည်...

ကျွန်တော်နှင့်သူမ Where stories live. Discover now