{ep:14}

14.1K 1K 3
                                    

'ဟဲ့ ဟိုသတင်းကလေ အဲ့ဒါတကယ်ကြီးလား'

'အင်းတကယ်ထင်တာပဲ ဆရာတို့၂ယောက်ကအမြဲတပူးပူးတတွဲတွဲနဲ့ကို ပြီးတော့ဟိုvideoထဲမှာကြည့်ပါလားဆရာမင်းခန့်ညားကသူ့ဟာလေးကိုငေးနေတာဆိုတာအဟီး'

'အေးနော်ပြီးတော့facebookမှာတက်လာတဲ့ပုံတွေငါတွေ့လိုက်သေးတယ်တကယ်living togetherလားပဲ'

'ဪချစ်သူတွေပါဆိုမှအဲ့လိုရှိချင်လည်းရှိမှာပေါ့'

'အင်းနော် ဘာပဲဖြစ်ဖြစ်ငါကတော့၂ယောက်လုံးကိုသမြောတယ်ဟယ် အချောလေးတွေပါဆိုgayဖြစ်နေတော့သမြောစရာလေးတွေ'

'အံမယ်လေး အရေးထဲသူကတစ်မျိုး'
Company canteenမှာတစ်ယောက်တစ်မျိုးနဲ့ပြောနေကြတဲ့အလုပ်သမားတွေရဲ့စကားကြောင့်မင်းခန့်ညားသက်ပြင်းသဲ့သဲ့ကိုချလိုက်လေသည်
စားလက်စထမင်းပန်းကန်ကိုဆက်မစားတော့ဘဲထွက်လာကာထိုစားပွဲဘေးကဖြတ်လျှောက်တော့အရှိန်သတ်သွားကြလေသည်

ဘယ်ကနေဘယ်လိုဒီသတင်းအဲ့လောက်ပြန့်သွားလဲသူမသိပါ မေမေနေမကောင်းတာမို့ပြည်ပသွားနေရတဲ့အချိန်မှာဖြစ်သွားတာကြောင့်သူဘာမှမတတ်နိုင်ခဲ့ပါ ပြန်လာတော့ဒီသတင်းကအတော်ပင်ပွနေလေပြီ သတင်းကြားကြားချင်းအရင်ဆုံးညီအဆင်ပြေပါ့မလားသူစိုးရိမ်ခဲ့ရသည် ထိုအခြေအမြစ်မရှိလျှောက်ရေးထားတဲ့သတင်းစာတိုက်ကိုထိုသတင်းကိုပြန်ပိတ်ခိုင်းခဲ့သော်ငြား လူမှု့ကွန်ယက်မှာပါပြန့်သွားသည့်ဓာတ်ပုံများကြောင့်ဒီအခြေအနေထိဖြစ်လာခြင်းပင်

ဘယ်အချိန်တည်းကသေချာကြံရွယ်ထားမှန်းမသိ သူနေမကောင်းဖြစ်တုန်းကညီသူ့အိမ်မှာရောက်နေခဲ့တဲ့ပုံတွေကအစရှိနေခဲ့သည် လူတွေရဲ့အထင်အမြင်အမျိုးမျိုးကြား ထောက်ခံသူရှုံ့ချသူတွေရဲ့စကားလုံးတွေကြားကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်မိပေမဲ့ညီ့အတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်သွားမှာကျွန်တော်စိုးရိမ်မိသည် ညီ့ကိုပြောဆိုနေကြတဲ့အထင်အမြင်ပေါင်းစုံကိုကိုယ်ကသာဖြေရှင်းနေမိသော်ငြားညီကတော့ကောင်းသည်ဆိုးသည်တစ်ခွန်းတလေမှဝင်မပါခဲ့ပါ

ညီသိနေလိမ့်မည် သူ့ကိုလူတွေအထင်သေးစွာပြောနေမှန်းညီသိနေပေမယ့်သွေးအေးစွာနေနိုင်သောကောင်လေးကိုမင်းခန့်ညားနားလည်အောင်ကြိုးစားနေမိသည်

Mistakes!Where stories live. Discover now