{ep:17}

15.5K 926 4
                                    

'မေမေ ဒါသားပြောတဲ့သားချစ်သူဆိုတာ'
မင်းခန့်ညား ညီ့လက်လေးကိုကိုင်ထားရင်း ပြောလိုက်လေသည်

'မင်းနာမည်ဘယ်လိုခေါ်လဲကောင်လေး'

'ကျွန်တော့်နာမည်ညီဘုန်းမြတ်ပါအန်တီ'

ညီဘုန်းမြတ်ကြောက်စိတ်ကြောင့်လက်တွေပါအေးစက်နေသည် သူ့ဖေဖေနဲ့သူ့အစ်မလင်မယားကတော့ကိုယ့်ကိုသဘောကျပုံရပါသည်ဘာမှဝင်မပြော ဒါပေမဲ့သူ့မေမေကလူကိုဝါးစားမတတ်ကြည့်နေတာမို့ညီဘုန်းမြတ်တစ်ယောက်ဇောချွေးပင်ပြန်ချင်နေပြီ

'အန်တီ့သားကပြောမရဆိုမရဆိုတော့အန်တီသားကိုပဲပြောမယ်မင်းခန့်ညားနဲ့ဆက်ပြီးချစ်သူတွေလိုမနေပါနဲ့'

'မေမေ!'
သူအလန့်တကြားနဲ့အော်လိုက်ကာညီ့ကိုကြည့်လိုက်တော့ ငိုမဲ့မဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကြည့်လာတာမို့သူဝင်ပြောမှရတော့မည် ညီမျက်ရည်ကျမှာကိုဘယ်လိုပဲဖြစ်ဖြစ်မလိုချင်ပါ

'မေမေတို့လက်မခံနိုင်လည်းသား ညီနဲ့ဆက်တွဲမှာပဲမေမေ သားညီ့ကိုချစ်တယ် မေမေတို့သားတို့ချစ်ခြင်းကိုလက်မခံနိုင်ရင်လည်းသားကိုသာအမွေဖြတ်လိုက်တော့ လာညီသွားမယ်'
လက်ကိုဆွဲကာမတ်တပ်ထရပ်တဲ့သူ့ကြောင့်ညီကြောင်တောင်တောင်လေးနဲ့မတ်တပ်ရပ်လိုက်မိသည်

'မင်းခန့်ညား ဒါဘာအချိုးချိုးတာလဲ အခုပြန်ထိုင်စမ်း!'
ထွက်လာတဲ့သူ့မေမေစကားကိုမကြားချင်ယောင်ဆောင်ကာထွက်သွားဖို့လုပ်နေတာကြောင့်ညီသူ့လက်ကိုဆွဲကာတားလိုက်မိသည် ပြဿနာကိုဒီလိုဖြေရှင်းလို့မှမရဘဲ

'အန်တီပြောနေတယ်လေ ပြန်ထိုင်လိုက်ပါ နော်'
သူတောင်းဆိုသလိုလေးပြောလိုက်တော့မထိုင်ချင်ထိုင်ချင်နဲ့ပြန်ထိုင်လေသည် ဂျစ်တစ်တစ်နဲ့ခေါင်းမာတတ်တယ်ဆိုတာသူအခုမှပဲယုံတော့သည် ကိုယ်နဲ့ဆိုအဲ့လိုမဟုတ်တာကြောင့်တစ်ခါမှသူ့ရဲ့ဒီလိုပုံစံကိုမမြင်ဖူးခဲ့ပါ ကျွန်တော့်အချစ်ကတကယ်ကလေးဆိုးကြီးပဲ

'ငါပြောတာဆုံးအောင်နားမထောင်ဘဲထွက်သွားမယ်ပေါ့ နင်တော့နော် ငါထုမိတော့မယ်'
သူ့မေမေပြောနေတာကိုဂရုမစိုက်ဘဲစူပုတ်ပုတ်လုပ်နေတာကြောင့်ညီဘုန်းမြတ်မှာသူ့ကိုကြည့်ပြီးရယ်ရအခက်ငိုရအခက်

Mistakes!Where stories live. Discover now