အခန်း(၂)ကျိုးယွင်​ရှန့်​ဘဝ

39.5K 2.6K 69
                                    

အခန်း(၂)ကျိုးယွင်​ရှန့်

ကျိုးသခင်​ကြီးရဲ့​ကောင်းမွန်​တဲ့မျိုးရိုးဗီဇလက္ခဏာ​ကြောင့်​ က​လေးသုံး​ယောက်​လုံး​ကောင်း​ကောင်းမွန်​မွန်​ကြီးပြင်းလာခဲ့ကြသည်​။ဒါ​ပေမယ့်​ ကျိုးဝန်​ကျင့်​ ကအဓိကဇာတ်​လိုက်​ဆိုတဲ့အတိုင်းသူ့ရုပ်​ရည်​သွင်​ပြင်​ကအခြားသူ​တွေထက်​သာလွန်​​လေသည်​။ သူ့ရုပ်​ရည်​သွင်​ပြင်​နဲ့ခန္ဓာကိုယ်​အချိုးအစားက ပိတ်​ကား​ပေါ်မှာအနုစိတ်​​ရေးခြယ်​ထားတဲ့ပန်းချီကားလိုပဲ။ဘယ်​ရှူ​ထောင့်​ကကြည့်​ကြည့်​ သူဟာလုံးဝပြီးပြည့်​စုံ​နေတယ်​။

ကျိုးဝန်​ကျင့်​ နဲ့ယှဉ်​ရင်​ ကျိုးယွင်​ရှန့်​ ရဲ့ပုံပန်းသဏ္ဌာန်​ကအနည်းငယ်​ထိုင်းမှိုင်းမှိုင်းနိုင်​တယ်​။ဒါ​ပေမယ့်​သူ့ရဲ့မက်​မွန်​ဝတ်​လွှာလိုမျက်​ဝန်း​တွေထဲကကြယ်​​ရောင်​လက်​​နေတဲ့မျက်​ဆန်​​တွေကပဲထူးခြားတယ်​။ သူလူတစ်​​ယောက်​ကို​ငေးစိုက်​ကြည့်​ရင်​အကြည့်​ခံရတဲ့သူအ​နေနဲ့ဘာလုပ်​ရမှန်းမသိဖြစ်​သွား​စေတယ်​။ဒီလိုမျက်​ဝန်းမျိုးက တစ်​ဖက်​လူရဲ့နှလုံးကို​ကောင်း​ကောင်းဒုက္ခ​ပေးနိုင်​တဲ့မျက်​ဝန်းမျိုးပဲ။

ထူးခြားတာက အရံဇာတ်​​ကောင်​​တွေဖြစ်​တဲ့ တုရွှီလန်​နဲ့ကျိုးဝန်​အန်​ကလည်း စင်းလုံး​ချော​ပြောစရာမရှိ​အောင်​ခန့်​ညားလွန်း​နေကြတာပဲ။ တုရွှီလန်​ရဲ့ နားရွက်​အ​ပေါ်ဖက်​ဆံပင်​​တွေကိုခပ်​တိုတိုရိတ်​သင်​ထားပြီး​ရွှေ​ရောင်​ကိုင်းမျက်​မှန်​ကိုဝတ်​ဆင်​ထားခြင်းက သူ့ ကိုလူကြီးလူ​ကောင်းတစ်​​ယောက်​ပုံ​ပေါက်​​စေတယ်​။ ​ဖော်​​ရွေတဲ့အပြုံးကလည်းသူ့ရဲ့မူလရုပ်​သွင်​ကိုဖုံးထား​ပေးတယ်​။

အ​ပေါ်ယံမှာသူ့ကအတွင်း​ရေးမှူး၊အပြစ်​ကင်းစင်​တဲ့မျက်​နှာ​လေးနဲ့ဆို​ပေမယ့်​ အမှန်​တကယ်​က​တော့ သူက တုမိသားစုအဖွဲ့အစည်းရဲ့ခေါင်း​ဆောင်​ပဲ။ ကျိုးဝန်​ကျင့်​ ရဲ့အ​မေကသူ့ငယ်​သူငယ်​ချင်းဖြစ်​တာ​ကြောင့်​ သူအခုလိုကျိုးအိမ်​လာပြီးရန်​သူရဲ့က​လေး​တွေကိုကြည့်​​ပေး​နေတာပဲ။ ကျိုးမိသားစုကအရမ်းချမ်းသာတယ်​။ဒီ တရုတ်​ပြည်​မှာပထမတန်းမိသားစုလို့​တောင်​​ပြောလို့ရတယ်​။ဒါ​ပေမယ့်​ J နိုင်​ငံကတုမိသားစုရဲ့စည်းစိမ်​နဲ့​တော့ယှဉ်​လို့မရဘူး။ အဖွဲ့အစည်းနဲ့မိသားစု ။ ဒီစကားလုံးနှစ်​လုံးရဲ့ကွာခြားချက်​က မိုးနဲ့​မြေလိုပဲ။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now