(8)

51.7K 2.6K 268
                                    

         ရက်​သတ္တပတ်​ရဲ့ စ​နေ ၊ တနင်္ဂ​နွေ တိုင်းဟာ လန်​ နဲ့ Xavier တို့​တွေ့ဆုံကြဖို့ အ​ကောင်းဆုံးအချိန်​​တွေဖြစ်​တယ်​လို့ သတ်​မှတ်​ထားကြတယ်​ ။

လန်​က ကုမ္ပဏီ အလုပ်​တစ်​ဖက်​ရှိသလို Xavier ကလည်း ဘဏ်​ကိုသွားပြီး အလုပ်​သွားမလုပ်​တာပဲရှိမယ်​ ။ မျက်​နှာဗန်းပြရတဲ့ ပွဲလမ်းသဘင်​​တွေ .... ညစာစားပွဲ​တွေ ဒါ​တွေက​တော့ မှန်​မှန်​တတ်​​ပေးရတယ်​​လေ ။

ဆောင်းဦးဝင်​လာပြီမို့ ချမ်းစိမ့်​စိမ့်​ရာသီဥတုရယ်​ စိုရွှဲရွှဲနှင်းထု​တွေက လန်​တို့ရဲ့တတ်​စ်​ဇက်​ မြို့​လေးမှာ ဂါရဝစပြု​နေပြီ​လေ ။ 

ဆောင်းတွင်းဆိုရင်​​တော့ ​​ဗင်းနစ်​လမ်းသွယ်​​တွေက နှင်းထု​တွေရှင်းဖို့ပဲဖြစ်​ဖြစ် ၊ အိမ်​​ခေါင်းမိုး​ပေါ်က နှင်းဆိုင်​​တွေရှင်းဖို့ပဲဖြစ်​ဖြစ်​ အလုပ်​တစ်​လုပ်​ပိုလာရပြီ ။

ဒါ့အပြင်​ ဒီနှစ်​ရဲ့ ခရစ်​မတ်​စ်​​ ၊ အီစတာ​ ၊ ဗယ်​လ်​တိုင်း​ ၊ ​ဟော်​လိုဝင်း .... လို​နေ့​တွေက လန်​ အတွက်​ တမူထူးခြား​တော့မယ်​ ။

ဒီ​နေ့က ​သောကြာ​နေ့ ..... အချိန်​က ​နေ အိပ်​လို့ လ နိုး​တော့မဲ့ အကူးအ​ပြောင်း စပ်​ကြား​လေးက အချိန်​ .... Xavier ​ပြောဖူးတဲ့ ည​နေခင်းကြယ်​​လေးလား ထွက်​​နေတယ်​ ။

ဂျူတီချိန်​ပြည့်​လို့ လန်ရဲ့အလုပ်​​ဖော်​​တွေ ပြန်​ကုန်​ကြပြီ ဖြစ်​​သော်​လည်း ဆန်​ဆာ​ရှော့ပင်း​မော်​လ်​ရဲ့ စား​သောက်​ကုန်​ပစ္စည်း​တွေ​ရောင်းတဲ့ အထပ်​မှာ လန်​ တစ်​​ယောက်​ လိုအပ်​တာ​တွေဝယ်​ယူရင်း အလုပ်​ရှုပ်​​နေတယ်​ ။

" ​စ​တော်​ဘယ်​ရီ​ပေါင်​မုန့်​ မြည်းသွားပါဦး "

" အသားကြွပ်​​ကြော်​ ပူပူ​လေး​တွေပါ "

" ​ဖက်​ထုပ်​စွပ်​ပြုတ်​ အရသာ​လေး စမ်းနိုင်​ပါတယ်​ "

အမြည်းစားလို့ရတဲ့ စင်​​လေး​တွေကိုယ်​စီနားမှာ လူ​တွေပြည့်​ကျပ်​ပြီး ရှုပ်​လို့​နေတယ်​ ။ စား​သောက်​ကုန်​ အထပ်​မှာလည်း သူ့ဘာသာသူ တာဝန်​​ကျေ​နေပါလားလို့ လန်​ ခဏတစ်​ဖြုတ်​ကြည့်​​နေလိုက်​မိတယ်​ ။

SEX Romance Where stories live. Discover now