အခန်း(၃၀)သန်သန်မာမာမှ ယောကျာ်း

8K 987 17
                                        

၃၀

ကျူ းယောင်လည်း သူ့ဆရာကို သုံးရက်လောက်
ပလစ်ထားလိုက်တယ်။သို့ပေမဲ့ သူ့ဆရာက
ဘာမှပေးမလာဘူး။ သူမ ရှုဟိုင်ကို ပိုချီးကျူ းလေလေ သူ့ဆရာက ပိုငြင်းလေပဲ ဆိုတာ သူမ နားလည်လိုက်တယ်။ကျူ းယောင်လည်း သူမ ဆရာများ အရင်တုန်းက ကောင်ဆိုးလေးတစ်ကောင်ရဲ့ အနိုင်ကျင့်မှုကို ရရှိခဲ့မိလို့ များလားလို့ သံသယရှိလာတယ်။

သို့ပေမဲ့ သူ့ဆရာက နေ့စဉ်ပဲ သူမ ကျင့်ကြံခြင်းကို စောင့်ကြည့်ပေးလို့ နောက်ဆုံးမှာ သူမရဲ့
လက်ရှိ အခြေတည်ဆင့်က
တည်ငြိမ်လာတယ်။
သူမဆရာက တော့ မကြာခင် သူမ နတ်အမြူ တေအဆင့်ကို လှမ်းတက်လို့ ရပြီလို့ ပြောတယ်။
သို့ပေမဲ့ အဆုံးမှာတော့ သူမ နတ်အမြူ တေဆင့် လှမ်းဖို့ တစ်ခါမှ အခွင့်ရေးမရလိုက်ရှာဘူး။

သူတို့ ဂိုဏ်းက ချီ အဆင့်တပည့်တွေက အခြေတည်ဆင့်ကို မတက်လှမ်းခင်မှာပဲ တောင်အောက်ကိုကွင်းဆင်းလေ့ကျင့်ရေး သွားရတယ်။
အခြေတည်ဆင့် အကြီးတစ်ယောက်က ဦးဆောင်ပြီးတော့ပေါ့။
ဒီလို တောင်အောက်ဆင်းပြီး ကွင်းဆင်းတာက
သူတို့အဖို့ စိတ်ဓာတ်ရေးရာ လေ့ကျင့်ဖို့ အကောင်းဆုံးအခြေနေတစ်ခုပဲ။တစ်ညထဲ နဲ့ အခြေတည်ဆင့်ရောက်လာတဲ့ ကျူ းယောင်ကတော့ ဒါမျိုး မကြုံလိုက်ရဘူး။ဘယ်လိုပဲ ဖြစ်ဖြစ် သူမလည်း ဒါမျိုးသွားသင့်တယ်လေ။ဒီ တစ်ကြိမ်မှာတော့ သူမ ဆရာက သူမကို မတားဘူး။ရှောင်ရန် အနည်းငယ် မှာပြီး နောက် ဆင်းခွင့်ပေးလိုက်တယ်။

သူမလည်း စုရပ်ကိုရောက်ရော ဝမ်ရှုဟိုင်က မျက်လုံးတွေ အရောင်လက်သွားတယ်။ဂိုဏ်းသခင် ဇီမိုတောင် နှုတ်ခမ်း တွန့်ကာကွေးသွားတယ်။သူမ ပါဝင်လာတာကို ငြင်းစရာ အကြောင်းမှ မရှိတာ။
ဒါနဲ့ပဲ ယန်ရဲ့ဟွာ ဦးဆောင်တဲ့ အုပ်စုကို ကျူ းယောင်ကို ပေးလိုက်တယ်။
ယန်ရဲ့ဟွာရဲ့ မကျေမနပ် အကြည့်တွေ ကြားကပဲ
သူမလည်း သူမအုပ်စုရှိရာကို လျှောက်သွားတယ်။
ချီ အဆင့် လေးယောက်နဲ့ အခြေတည်ဆင့် တစ်ယောက်ကို တစ်အုပ်စုဖွဲ့ထားတယ်။ဇီမိုက ပါးနပ်စွာပဲ
ကောင်စုတ်လေးကို သူမ အုပ်စုထဲ ထည့်ပေးထားတယ်။
ကျူ းယောင်လည်း သူမအဖွဲ့ထဲမှာ ရှောင်ရီပါလာတာကိုလည်းတွေ့ရော ဒါ အတော့်ကို ရေစက်ဆုံတာပဲလို့ တွေးမိလာတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Место, где живут истории. Откройте их для себя