Part 40

22.8K 2.9K 301
                                    

ဟိုတယ်ရှေ့ကိုရောက်တော့ သူတို့နှစ်ယောက်စလုံး ဘယ်ကိုဆက်သွားရမလဲ မသိတော့။ Check in ကို မမပဲလုပ်ပေးခဲ့တာဖြစ်၍ သူ့အခန်း ဘယ်အခန်းလဲဆိုတာကို ဒီမိုးယံ မမှတ်မိ။

"ဘယ်အခန်းလဲ။"

"ဟင်။"

"မင်းအခန်းဘယ်အခန်းလဲလို့ မေးနေတာ။"

ထွဋ်ထွဋ်ကို ပြန်ဖြေဖို့ကို ဒီမိုးယံ အူကြောင်ကြောင်ဖြစ်နေသည်။ မေးကြည့်ဖို့ ဆိုတာကလည်း ဟိုတယ်ရှေ့မှာ မမတို့ မရှိကြတော့။ သဇင်နှင့် မိငယ်ကို သူမအခန်းထဲသို့ ခေါ်သွားဟန်ရှိသည်။

"အဲဒါ မင်းအခန်းသော့လား။"

သူနှင့်မမတို့ ထိုင်ခဲ့ရာ အုတ်တံတိုင်းငယ်ပေါ်မှ သော့လေးတစ်ချောင်းရှိနေ၍သာ တော်သေးသည်။ သူ့အဖြေကို ရှိုင်းထွဋ်မစောင့်ပါ။ သော့ကို ကောက်ကူပြီး အခန်းနံပါတ်နှင့် ဘန်ဂလိုအခန်းငယ်များကို တိုက်စစ်နေသည်။ အုတ်နှင့်ဆောက်ထားသော ဘန်ဂလိုအိမ်ငယ်ပုံစံလေးများမှာ နှစ်ခန်းတွဲတစ်အိမ်ဖြစ်ပြီး နံရံခြားကာ ဟိုဘက်အခန်း ဒီဘက်အခန်း ခွဲထားသည်။ ဒီမိုးယံ၏အခန်းကို ရှာတွေ့ချိန်တွင် အပြင်မှာ မိုးတွေသည်းနေပြီဖြစ်သလို သူတို့နှစ်ယောက်စလုံးလည်း မိုးရေများဖြင့် ရွှဲရွှဲစိုနေပြီဖြစ်သည်။

"ကော်ဖီသောက်မလား ထွဋ်ထွဋ်။"

အခန်းထဲရှိ TV ဘေးတွင် ရေနွေးအတွက် လျှပ်စစ် water Boiler နှင့်အတူ ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်များကိုလှမ်းတွေ့လိုက်ရ၍ ဒီမိုးယံ မေးလိုက်ခြင်းဖြစ်သည်။ တကယ်တော့ သူလည်း ဘာလုပ်ရမှန်း၊ ဘာပြောရမှန်းမသိအောင် ခေါင်းတွေပူနေသည်။ သူ့ဘေးမှာရှိနေသည်က သူလွမ်းနေရသည့် ရှိုင်းထွဋ်လေ။

"အေး။ သောက်မယ်။ ဒါပေမယ့် အရင်ရေချိုးလိုက်ဦးမယ်။ မင်း အ၀တ်အစားတွေရော။"

"မသိဘူးလေ။ အာ...ဟိုမှာ။"

အခန်းထဲ ဝေ့ကြည့်ပြီးမှ ရေချိုးခန်းထောင့်တစ်နေရာတွင် ဟိုတယ်ဝန်ထမ်းများ လာပို့ပေးထားဟန်တူသော သူ့ရဲ့ခရီး​ဆောင်​​သေတ္တာကို ဒီမိုးယံ လက်ညှိုးထိုးပြလိုက်သည်။ ချက်ချင်းလိုပင် ရှိုင်းထွဋ် သူ့သေတ္တာကိုဖွင့်ကာ အကျီင်္တွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်နေသည်။ စနစ်တကျ သူခေါက်ထားခဲ့သည့် ဘောင်းဘီရှည်၊ ဘောင်းဘီတိုများမှာ မီးပုံငယ်တစ်ခုမှ ပေါက်ကွဲလွင့်စင်လာသော မီးပွားစများလို ဟိုလွင့် သည်လွင့် ဖြစ်ကုန်သည်။ မော်ဒယ်လ်တစ်ယောက်အဖြစ် စတိုင်ကျကျ ၀တ်တတ်သည့်အကျင့်အပြင် ဆန့်နေအောင် မီးပူတိုက်ခိုင်းပြီးမှ အကျီင်္နှင့်ဘောင်းဘီကို လိုက်ဖက်ညီအောင် သေချာစိစစ်ထည့်ထားသော သူ့ရဲ့ခရီးဆောင်အိတ်မှာ ရစရာမရှိတော့။

ဆူးWhere stories live. Discover now