အခန်း(၈) ကျိုးယွင်​ရှန့်​ဘဝ

25.8K 2.5K 77
                                    

အခန်း(၈) ကျိုးယွင်​ရှန့်​ဘဝ

ကျိုးသခင်​ကြီး၏ဈာပနအခမ်းအနားကအလွန်​ကြီးကျယ်​ခမ်းနားပြီးသုံးရက်​အတွင်းကတိုက်​ကရိုက်​သဂြိုလ်​လိုက်​သည်​။ ဈာပနအခမ်းအနားပြီးသည့်​​နောက်​ မိသားစု​ရှေ့​နေက​သေတမ်းစာကိုဖတ်​ပြသည်​။ ကြားရသည့်​လူအားလုံးအံ့အားသင့်​သွားကြသည်​က ကျိုး​ဟောက်​သည့်​သူ့ပိုင်​ဆိုင်​မှုအားလုံးနှင့်​ကျိုးအုပ်​စု၏ရှယ်​ယာ၃၀ရာခိုင်​နှုန်းကိုပါ သားအငယ်​ကျိုးဝန်​အန်​အတွက်​ချန်​ထား​ပေးခဲ့ခြင်းဖြစ်​သည်​။ သားအကြီးကျိုးယွင်​ရှန့်​ကမူဘာမှမရ​ပေ။ ဒုတိယသားကျိုးဝန်​ကျင့်​က​တော့တရားမဝင်​သားဖြစ်​သည့်​အတွက်​ဖခင်​၏အသိမှတ်​ပြုခြင်းကိုမခံခဲ့ရ ထို့​ကြောင့်​အ​မွေမရသည်​ကိုမဆန်း​ပေ။ ဒါ​ပေမယ့်​ သားအကြီးဆုံးကဘာမှမရတာက​တော့တကယ်​မဖြစ်​သင့်​။ ကျိုးသခင်​မကြီး၏အ​မွေများကလည်းသားအငယ်​အတွက်​သာချန်​ထားခဲ့သည်​။ တစ်​​လောကလုံးကဒီလင်​မယားကို သားအငယ်​အ​ပေါ်အရမ်းဘက်​လိုက်​တဲ့မိဘ​တွေလို့မြင်​ကုန်​ကြပြီ။ ​နောက်​ကျကျိုးယွင်​ရှန့်​ဘယ်​လို့လုပ်​​တော့မလဲ။ သူတို့ဒီအ​ကြောင်းကိုမ​တွေးဖူးကြဘူးလား?

"မစ္စတာကျိုး ​ကျေးဇူးပြုပြီးလက်​မှတ်​ထိုးပါ'' ​ရှေ့​နေက သားရည်​သားထူထူကြားတွင်​ညှပ်​ထား​သောစာရွက်​စာတမ်းများကိုထိုး​ပေးလိုက်​သည်​။ ကျန်​လူများကပါးစပ်​အ​ဟောင်းသား​ငေးကြည့်​ရုံသာတတ်​နိုင်​ကြ​တော့သည်​။

"ဒါမဖြစ်​နိုင်​ဘူး။ ကျိုး​ဟောက်​ဘယ်​လိုလုပ်​ယွင်​ရှန့်​အတွက်​ဘာမှမချန်​ထားခဲ့​ပေးတာလဲ။ သူပဲအရင်​က ကျိုးအုပ်​စုကယွင်​ရှန့်​ဟာပါလို့​ပြောခဲ့ပြီး​တော့'' ရန်​သခင်​မကြီးက​အော်​​ပြောလိုက်​သည်​။ ရန်​သခင်​ကြီးကလည်း ကျိုးဝန်​အန်​ ကိုမသင်္ကာသည့်​မျက်​လုံးများနှင့်​ကြည့်​​နေ​တော့သည်​။ ခမည်းခမက်​များအ​နေနဲ့​သေတမ်းစာနား​ထောင်​ဖို့သူတို့အဖိတ်​ခံရသည်​။

ကျိုးယွင်​ရှန့်​ ကပြုံးပြီးသူ့ဘွား​အေ၏​ကျောပြင်​ကိုခပ်​ဖွဖွ
ပုတ်​လိုက်​သည်​။ သူတို့ကအ​နေစိမ်း​ပေမယ့်​လည်း အချစ်​က​တော့မ​လျော့​ပေ။

ဗီလိန်​မာယာ 【FOD Zawgyi】Where stories live. Discover now