(11)

40.9K 2.2K 342
                                    

ဒီလိုအ​ခြေအ​နေမျိုးမှာ ခင်​ဗျားတို့​ ကြည့်​ဖူး​နေကျ ဖတ်​ဖူး​နေကျ အချစ်​ဇာတ်​လမ်း​တွေဆိုရင်​​တော့ ကုတင်​​ပေါ်ကျန်​ခဲ့တဲ့သူက ပူ​ဆွေးနာကျင်​​နေတာဖြစ်​ဖြစ်​ လွမ်းသ​ယောင်​​ယောင်ဖြစ်​ဖြစ်​ သနားစရာဇာတ်​​ကောင်​တစ်​ခုအဖြစ်​နဲ့ ခင်​ဗျားတို့ကိုပါ မတင်​မကျကြီးခံစားရ​စေတယ်​​လေ ။

ဒီ​တော့ကား Xavier ရဲ့ ချက်​ခြင်းလက်​ငင်း ​ကောက်​ကာငင်​ကာ ​နောက်​က​နေထလိုက်​လာတဲ့အချက်​က ဒီဇာတ်​​ကောင်​အတွက်​ ခင်​ဗျားတို့ တစက်​က​လေးမှ သနား ၊ ဂရုဏာ ၊ ​မေတ္တာ​တွေ အကြင်​နာ​တွေ သက်​ဝင်​​နေစရာမလိုဘူးလို့ ​​​ပြောပြလိုက်​သလိုပဲ​ပေါ့ ။

" ဒီ​ကောင်​​လေးသာ ငါ့သား ဖြစ်​ရင်​ မင်းကို နားရင်းအုပ်​ချင်​မိမှာပဲ လန်​ "

လန်​ရဲ့အ​မေဖြစ်​သူက ​​ချစ်​စဖွယ်​မျက်​​စောင်း​လေးကိုပန်​ဆင်​ပြီး မိတ်​ဆက်​လိုက်​တယ်​ ။

လန်​ရဲ့ အ​ဖေက​တော့ ​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ Xavier ကို စားစရာ​သောက်​စရာ​တွေ အဆင်​သင့်​ရှိတဲ့အ​ကြောင်း ​ပြောတယ်​ ။ တစ်​ဖက်​က ​လောရင့်​စ်​ကိုလည်း အကဲခတ်​တယ်​ ။

လန်​ရဲ့ ညီမ နှစ်​​ယောက်​က​တော့ သူတို့အစ်​ကိုကို ကြည့်​လိုက်​ Xavier ကိုလိုက်​ အံ့အားသင့်​​နေတယ်​ ။ အငယ်​မ​လေးက​တော့ ဟန်​မ​ဆောင်​နိုင်​ဘဲ ​ထ​ပြောလိုက်​တယ်​ ။

" ဘုရားသခင်​​ရေ ... တို့ရဲ့ အစ်​ကိုမှာ ဘာများကြိုက်​စရာ ရှိလို့ပါလဲ "

" ​ကျေးဇူးတင်​ပါတယ်​ ..... ။ နင်​ကပါ ငါ့ကို အဲ​လောက်​အထင်​​သေးမယ်​ မထင်​ထားဘူး "

အငယ်​မ​လေးရဲ့ ဆံပင်​​တွေကို ဖွရင်း လန်​က ဝင်​​ပြောလိုက်​တာ​ကြောင့်​ အကုန်​လုံးရယ်​​မောကြရင်း တရင်းတနှီးဖြစ်​လာတယ်​လို့ Xavier ခံစားရတယ်​ ။

လောရင့်​စ်​က​တော့ ​ပြောစရာစကားမဲ့​နေတဲ့ သူလို တိတ်​ဆိတ်​​နေတယ်​ ။

" ကယ်​ တို့​တွေ စားရင်း​သောက်​ရင်း စကား​ပြောကြရ​အောင်​ .... လန်​က အချိုးမှ​ပြေရဲ့လား ​ပြောပါဦး "

SEX Romance Where stories live. Discover now