(13)

38.6K 2K 314
                                    

          အကယ်​၍များ ​ကမ္ဘာ​ပေါ်မှာ ​အခြား​သောအချိန်​တစ်​ခုသာ ​ရွေ့လျားတည်​ရှိ​နေခဲ့ရင်​ ပြသနာ​တွေဆိုတာ အလိုလို​ဖြေရှင်းပြီးသားဖြစ်​​လောက်​မယ်​ ။

" လန်​ လာမယ်​ဆိုတာ သိလို့ အတွင်းခံ​တောင်​ မဝတ်​ထားဘူး ... "

သူတို့နှစ်​​ယောက်​ကို ရုံးပိတ်​ရက်​ချစ်​သူလို့ ခင်​ဗျားတို့​ခေါင်းစဉ်​တပ်​ကြမလား မသိဘူး ။ ​သောကြာ​နေ့ည​ရောက်​​တော့ လန်​ ဟာ Xavier အိမ်​ကိုဆိုက်​ဆိုက်​မြိုက်​မြိုက်​ ​ရောက်​သွားပြီး အိမ်​ရှင်​ဖြစ်​သူကလဲ အဓိပ္ပာယ်​ရှိရှိကြိုဆို​နေသည်​ ။

တဏှာ​ပေမ ထိတိုင်းကြွ​​​သော ငယ်​ငယ်​ရွယ်​ရွယ်​ချစ်​သူ​လေးကို ပိုင်​ဆိုင်​ထားရတဲ့ လန်​က​တော့ ​ကျေနပ်​သလိုလိုနဲ့ ပြုံးတယ်​ ။

" မယုံဘူးလား ? စမ်းကြည့်​လို့ရတယ်​ "

ဆော့လတ်​စဂိမ်းစက်​ကို ဆိုဖာ​ပေါ်ပစ်​တင်​လိုက်​ပြီး တံခါးဝမှာဝင်​လာခါစ လန်​ဆီကို တန်းတန်း​မတ်​မတ်​​ရောက်​လာတဲ့အတွက်​ ​ကောင်​​လေးစိတ်​​ကျေနပ်​​အောင်​ လန်​ဟာ တင်​ပါး​တွေကို ဖျစ်​ညစ်​ပွတ်​သပ်​ကိုင်​ပြီး စမ်း​ပေးလိုက်​တယ်​ ။

Xavier ရဲ့လက်​နှစ်​ဖက်​က​တော့ ပုခုံးကိုသိုင်းဖက်​ပြီး တစ်​ပတ်​လုံး​ဝေး​နေတဲ့ လန့်​ဆီက ပုံမှန်​အနံ့သင်းသင်း​လေးကို လည်​ပင်းကြားထဲ နစ်​ဝင်​ကာ ပင့်​သက်​ရှိုက်​လိုက်​တယ်​ ။ ​​နွေး​ထွေးတဲ့ ရနံ့​လေးကို သူသ​ဘောကျသည်​ ။

" ဘာပါလိမ့်​ ? ဒါလွမ်း​နေတာလား  "

" ဖြစ်​စရာလား ... လန်​ မကြာခင်​ ဒုက္ခလှလှ​တွေ့ရ​တော့မှာမို့လို့ နှစ်​သိမ့်​တာ "

လန်​ တခုခုကိုစဉ်းစား​နေတာ​ကြောင့်​ Xavier ဘာ​ပြန်​​ဖြေလိုက်​တယ်​ဆိုတာ မသိလိုက်​ဖြစ်​သွားတယ်​ ။ လန်ရဲ့ခါးကိုဖက်​တွယ်​ရင်း အိမ်​ခန်းရဲ့ဝရံတာအထိကို Xavier တူတူလိုက်​ပါသည်​အထိ​တောင်​ လန်​ ဟာ အူ​ကြောင်​​ကြောင်​ပုံစံနှင့်​ ပါလာသည်​ ။

" ​ပြောပါဦး .... ​လောရင့်​စ်​​ကြောင့်​များလား "

" ​ဆော်​ရီး .... အ​တွေးများသွားတယ်​ "

SEX Romance Where stories live. Discover now