(15)

38.8K 2.1K 226
                                    

                  ဒီအရာဟာ ခင်​ဗျားတို့အားလုံးကြုံ​တွေ့​နေရတဲ့ ကိစ္စတစ်​ခု (သို့) ပြသနာတစ်​ခု ဖြစ်​ချင်​ဖြစ်​မယ်​ ။ နာမည်​က​တော့ အားနည်းချက်​ ဆိုသတဲ့ ။

ခင်​ဗျားတို့ရဲ့ အားနည်းချက်​ကို အပြင်​လူက နားလည်​​ပေးပြီး ​ဖေးမဖို့ ​စောင့်​​နေကြလိမ့်​မယ်​ ။ အပြင်​လူ​တွေ လက်​ခံလာကျရင်​ ဒီဟာက​တော့ အားနည်းချက်​မဟုတ်​​တော့ပါဘူးလို့ ​ကြွေး​ကြော်​ချင်​ကြတယ်​ ။ ခင်​ဗျားတို့သာ အစကတည်းက အားနည်းချက်​လို့ ​မမြင်​ခဲ့ရင်​ အရာအားလုံးက အဆင်​​ပြေသွားမှာကျ​တော့ ​မေ့ချင်​​ယောင်​​ဆောင်​​နေကြတယ်​ ။

တယ်​လည်း ခက်​တဲ့ ခင်​ဗျားတို့​​ရေ ။ ဖြစ်​စဉ်​က ဟာသ​တော့​မြောက်​ပါတယ်​ ။

ဒီအရာဟာအားနည်းချက်​ပါလို့ ခင်​ဗျားတို့ ​နေထိုင်​ရာပတ်​ဝန်းကျင်​က ရိုက်​သွင်းခဲ့တယ်​ ။ ​ခင်​ဗျားတို့ဟာ ​ပြောင်းလဲဖို့ကြိုးစားမယ်​ ။ ရလဒ်​က​တော့ ခင်​ဗျားတို့ဟာ ပတ်​ဝန်းကျင်​က လိုချင်​တဲ့အ​စေခံ​တွေ ဖြစ်​သွားကြမယ်​ ။

ဒီလိုနဲ့ ​သေခြင်းတရား​ရောက်​လာတဲ့အခါမှာ​တော့ ပတ်​ဝန်းကျင်​အကြိုက်​လိုက်​ခဲ့တဲ့ ခင်​ဗျားတို့ ဘာမှမတတ်​နိုင်​​တော့ဘူး​လေ ။

ဒီ​တော့ ပတ်​ဝန်းကျင်​အကြိုက်​မလိုက်​ခဲ့တဲ့ သူ​တွေက​ကော တတ်​နိုင်လို့လားလို့ အထွန့်​တတ်​ချင်​ကြလိမ့်​မယ်​ ။

သူတို့လည်း မတတ်​နိုင်​ပါဘူး ။

ဘာလို့လဲဆို​တော့ ​သေခြင်းတရားက သက်​ရှိအားလုံးရဲ့ တန်းတူညီမျှ အခွင့်​အ​ရေး​လေ ။

တစ်​ခု​တော့ကွာသွားတယ်​ ။ ခင်​ဗျားတို့ဘဝဟာ ခင်​ဗျားတို့ကိုယ်​တိုင်​ မရှင်​သန်​ခဲ့ရတာ​​လေး​​ပေါ့ ။

အားနည်းချက်​ဆိုတာ ခင်​ဗျားတို့ရဲ့ ​ရွေးချယ်​မှု့ပဲ ။

ဒီ​အ​ကြောင်း​တွေဟာ သိပ်​ကိုအ​တွေးအ​ခေါ်ဆန်​​နေသလိုလို ခွန်​အား​ပေးတာဆန်​သလိုလို​ပေါက်​​ကောင်း​ပေါက်​​နေမယ်​ ။

ရည်​ရွယ်​ချက်​က သက်​သက်​ရှိပါတယ်​ ။ Xavier ကိုသုံးသပ်​ရရင်​ သူဟာ ဘာကိုမှ​သောက်​ဂရုမစိုက်​ဘဲ လွတ်​လပ်​ချင်​သလို လွတ်​လပ်​​နေတဲ့ ​သူတစ်​​ယောက်​လို့ မြင်​လိမ့်​မယ်​ ။

SEX Romance Where stories live. Discover now