Summary

21.4K 712 39
                                    

အချိန်​​တွေ ကုန်​ဆုံးသွားတဲ့​နောက်​မှာ​တော့
ရွှေနန်း​တော်​တစ်​ခုရဲ့တန်​ဖိုးကို ကျွန်​မနားလည်​စ
ပြုလာပြီထင်​တယ်​။

တကယ်​လို့များ ​ဝေဇီဖူကသာ ရှင့်​ကိုချစ်​ခဲ့မယ်​ဆိုရင်
သူမနဲ့ရှင့်​ရဲ့အဆုံးသတ်​ကလည်း ကျွန်​မလိုပဲ ဖြစ်​ခဲ့မှာ
ပဲ​ပေါ့။

လူ​တွေက​ပြောကြတယ်​။ချစ်​ခြင်းရဲ့ အကန့်​အသတ်​ဟာ
တစ်​စုံတစ်​​ယောက်​ရဲ့ သည်းခံနိုင်​မှုအတိုင်းအတာအ​ပေါ်
မူတည်​​နေတယ်​တဲ့။အဟင်း မိဖုရားသုံးပါးနဲ့
ကြင်​ယာ​တော်​​လေး​ယောက်​ရှိတဲ့ အဲဒီ​ယောကျာ်းကို
သည်းခံနိုင်​ဖို့​လေ....။

ဝေဇီဖူက​တော့ သည်းခံနိုင်​ခဲ့တယ်​နဲ့တူပါရဲ့။အဲဒါ​ကြောင့်
လည်း ရှင့်​အနားမှာ သူံးဆယ့်​ရှစ်​နှစ်​ကြာ ​အတူတူ​နေနိုင်
ခဲ့တာ​ပေါ့။

သူ..ရှင့်​ကိုမချစ်​ပဲနဲ့ ရှင့်​​ဘေးမှာအကြာကြီး​နေခဲ့တယ်​။

တကယ်​တမ်းကျ သူမတစ်​ချိန်​လုံးလိုချင်​​နေခဲ့တဲ့အရာက
အချစ်​မှမဟုတ်​ခဲ့တာ။

အကယ်​၍သာ အစကတည်းက ကျွန်​မလည်း
ဧကရီတစ်​ပါးရဲ့ အာဏာတစ်​ခုတည်းကိုပဲ
လိုချင်​ခဲ့မယ်​ဆိုရင်​ ရှင့်​ကို အခုလိုမျိုး မြန်​မြန်​ဆန်​ဆန်
ကြီး ဆုံးရှုံးချင်​မှ ဆုံးရှုံးခဲ့ရမှာ​ပေါ့။

ဒါ​ပေမယ့်​လည်း​လေ ကျွန်​မလိုချင်​ခဲ့ဖူးတာ
ရှင့်​ရဲ့ အချစ်​တစ်​ခုတည်းပဲ ရှိတာပါ။

.....................

Original Author's Note

ဒီnovelက ဧကရာဇ်​ ဟန်​ဝူတိ နဲ့
နန်းချခံရတဲ့ ပထမဆူံးဇနီးဖြစ်​သူ Chen Jiao(အား​ချောင်​)
တို့ကြားက ဇာတ်​လမ်းအမှန်​ကို​ရေးဖွဲ့ထားတာပါ။
သူတို့ရဲ့ဇာတ်​လမ်းက တရုတ်​idiomတစ်​ခုဖြစ်​တဲ့
(Jīn wū cáng jiáo)ကဆင်းသက်​လာတာပါ။

အဲဒီidiomဖြစ်​​ပေါ်လာပုံက ဒီလိုပါ။ဧကရာဇ်
Han Wudi ငယ်​စဉ်​က သူ့ရဲ့လှပတဲ့ ဝမ်းကွဲအမ​တော်
Chen Jiaoကို လက်​ထပ်​နိုင်​ခဲ့မယ်​ဆိုရင်
သူမအတွက်​ ​ရွှေနန်း​တော်​တစ်​ခု တည်​​ဆောက်​​ပေးပြီး
သူ့နှလုံးသားထဲက​နေ တန်​ဖိုးထားပါ့မယ်​လို့​ကြေညာခဲ့ပါတယ်​။
နှစ်​​တွေကြာပြီးတဲ့​နောက်​မှာ Han Wudiက
Chen Jiaoကိုလက်​ထပ်​ခဲ့​ပေမယ့်​ သူ့ဆီက မျက်​နှာသာကို
Chan Jiaoခင်​မျာ မရခဲ့ရှာပါဘူး။
သူမဟာ စုန်းက​ဝေအတတ်​​တွေတတ်​​မြောက်​တယ်
ဆိုပြီး စွပ်​စွဲခံရပြီး နန်းအချခံခဲ့ရပါတယ်​။

Chan Jiaoဟာ မကြာခဏဆိုသလို မနာလိုဝန်​တို
တတ်​တဲ့ ဧကရီတစ်​ပါး​နေရာက​နေသရုပ်​​ဆောင်​ရ​ပေမယ့်
လည်း ဒီဝတ္ထုမှာ​တော့ သူမရဲ့ရှု​ထောင့်​ကခံစားပြီး
ရေးဖွဲ့ထားတာကို​တွေ့ရမှာပါ။

............

Fairytale In Golden Palace [Completed]Where stories live. Discover now