(18)

34.8K 1.9K 205
                                    



             အသက်​အရွယ်​ရလာတဲ့ အမျိုးသမီးတစ်​ဦးဟာ အိပ်​​နေတဲ့အချိန်​​တောင်​ ​လေတိုးသွားလို့ ပြတင်း​ပေါက်​လှုပ်​သံ​လေးကအစ သတိပြုမိတတ်​လာတယ်​ ။ အိမ်​​ရှေ့နားက ကားဟွန်းတီးသံက​တော့ သူမနားထဲကို အတိုင်းသား​ရောက်​ရှိလာသတဲ့ ။

" စာ​မေးပွဲပြန်​​ဖြေဖို့ ပြင်​ဆင်​​နေတယ်​ ​မေ​မေ "

ဒီက​လေးဟာ Xantha ကို​မေးလ်​ပို့လာတယ်​ ။ ဒါ့​ကြောင့်​ပဲ သူမက Xavier ရဲ့အိမ်​ကို ​ရောက်​လာရတာ​ပေါ့ ။ အိမ်​ခွဲ​နေခဲ့တာ ၂ နှစ်​​လောက်​ရှိပြီ ။ အထက်​တန်း​ကျောင်းပြီးကတည်းက ဒီဘက်​ရပ်​ကွက်​အိမ်​ကို ဒီက​လေးက ​ကောက်​ကာငင်​ကာ ထွက်​​နေခဲ့တာ​လေ ။

သူမ စ​တွေ့ချိန်​တုန်းက ဒီက​လေးရဲ့ မျက်​လုံး​တွေဟာ အသက်​မဲ့​နေတယ်​ ။ အ​ဖေဖြစ်​သူ အသုဘမှာ​တောင်​ မျက်​ရည်​တစ်​စက်​မကျတဲ့ ဒီက​လေး​လေးအတွက်​ သူမဟာ လုံ​လောက်​တဲ့ မိခင်​တစ်​ဦး ဖြစ်​နိုင်​ပါ့မလား ယခုထိ​တောင်​ ​တွေ​ဝေ​နေဆဲ​ပေါ့ ။

Kim တို့​ဖေ​ဖေ​ရေ ..... ။

အခု အိမ်​​ရှေ့က ဒီက​လေးရဲ့ မျက်​လုံး​တွေက ပြုံး​နေတယ်​ ။

Kim တို့​ဖေ​ဖေ​ရေ .... ။

ဒီက​လေးရဲ့ချစ်​သူက ​အသက်​ကြီးကြီး ​ပုံမှန်​ ​ယောကျာ်းတစ်​​ယောက်​ လန်​ လို့​ခေါ်သတဲ့ ။

Kim တို့​ဖေ​ဖေ​ရေ .... ။

အသက်​များရှိ​နေ​သေးရင်​ သူမကို​ကော ဒီက​လေးကို​ကော ဆူပူကြိမ်း​မောင်း​နေမလားဟင်​ ။

ဒီက​လေးဟာ သူချစ်​ရတဲ့သူအဖြစ်​ ​ယောကျာ်းတစ်​​ယောက်​ကို မိတ်​ဆပ်​​ပေးတဲ့အချိန်​မှာ သူမ မတုန်​လှုပ်​ခဲ့ဖူး​ပြောရင်​ မုသားဆိုရာကျမှာ​ပေါ့ ။ တချို့​နေရာ​မှာ မိဘ​တွေက​တောင်​မဖြည့်​​ပေးနိုင်​တဲ့ ကွက်​လပ်​​လေး​တွေ သားသမီးမှာ ရှိတတ်​တယ်​လို့ သူမ ကြားဖူးတယ်​​လေ ။ လန်​ ဟာ ဒီက​လေးရဲ့ ကွက်​လပ်ဖြည့်​သူ ဖြစ်​ခဲ့ပြီလား ။

" ​မေ​မေနဲ့ ​ဖေ​ဖေ ဘယ်​လို​တွေ့မိခဲ့ကြတာလဲ "

ဒီက​လေးဟာ တ​နေ့ညက ​မေးခဲ့တယ်​ ။ ဘယ်​တုန်းကမှ အ​ဖေ နဲ့ အ​မေကြားက အဖြစ်​အပျက်​မှန်​သမျှကို စိတ်​ဝင်​စားခြင်း တစိုးတစိ မရှိတဲ့ ဒီက​လေးဟာ ​မေးသတဲ့ ။ သူမဘဝမှာ ဒီအဖြစ်​အပျက်​​တွေက က​လေးရလို့ ကြီးလာရင်​ ​ပြောပြချင်​ခဲ့ဆုံး အစိတ်​အပိုင်း​တွေ​လေ ။

SEX Romance Where stories live. Discover now