7

10.2K 1K 110
                                    

Zawgyi


ဟွန်း...

ရှေ့က ပိတ်ရပ်နေသည့် ခြေထောက်ထော့နဲ့ နှင့်ကောင်ကို ဘေးကိုပိတ်တွန်းထားခဲ့ပြီးအခန်းထဲကထွက်လိုက်သည်။

"သွားမယ် ကေစီ.."

သူမလေးလက်ကိုတယုတယဆွဲပြီး စင်္ကြံတစ်ခုသာခြားသည့် အဆောင်ဘက်ကိုခြေလှမ်းလိုက်၏။ ဒီနေ့ Take me home..သီချင်းတီးမည်။

ဆေးရုံတက်သော နှစ်ရက်မြောက်နေ့။ ဘယ်အချိန်က ရင်းနှီးသွားမှန်းမသိသော ထိုမိန်းကလေးက ကိုကို့ကို မနက်ကတည်းကလာခေါ်သွား၏။ ကုတင်ပေါ်မှာပဲနေဟူသော ဆရာဝန်ရဲ့စကားက ကိုကို့ကိုချောင်းဖို့လောက်အရေးမပါ။ စန္ဒယားတီးသည့်ထိုင်ခုံလေးပေါ်က ကိုကို့ကိုယ်ခပ်သေးသေးနှင့် ကိုကို့ပေါင်ပေါ်က ထိုမိန်းကလေး....

ပြီးတော့....ဘေးနားကနေ ကိုကို့ကိုအစာကျွေးနေကြသည့်မျက်လုံးတွေ။

ရာရာစစ ><

"ဖယ်စမ်း"

ပေါင်ပေါ်က ကိုယ်လုံးကိုခပ်ဆတ်ဆတ်ဆွဲယူချပစ်လိုက်၏။ ဝရုန်းသုန်းကားဖြစ်သွားမှန်းသိပေမဲ့ မိန်းကလေးမို့လို့လဲ Sehun မသနား။

"အီး....ဝါး....."

ထိုမိန်းကလေးငိုတော့ ဘေးကပါ ထွက်လာသည့်ပွက်လောရိုက်သော ဟစ်အော်ငိုကြွေးသံတွေ။

"ကလေးကိုဘယ်လိုလုပ်လိုက်တာလဲ Oh Sehunnie"

စိုးရိမ်တကြီးပြေးပွေ့တော့ လည်ပင်းကိုတွယ်ဖက်ပြီးတရှုံ့ရှုံ့ငိုလာသည့်ကေစီ။

ခေါင်းပုတ်ကျောပုတ်မြင်ကွင်းကို Sehun မကြည့်ချင်။

ကျွတ်ကျွတ်ညံသည့်ငိုသံတွေကြောင့် ကလေးအထူးကုတွေနှင့် သူနာပြုတွေ အပြေးအလွှားရောက်လာကြကုန်၏။

"မနေ့ညနေတုန်းက ငြိမ်လို့လွတ်ပေးထားတာ ဘယ်လိုဖြစ်ကုန်ကြတာလဲ Luhannie ရယ်။ "

မျက်မှန်းတန်းမိနေသော သူနာပြုမလေးက ကိုကို့လက်ထဲက မိန်းကလေးကိုဆွဲယူပွေ့သွားတော့မှ Oh Sehun တို့ ကျေကျေနပ်နပ်ပြုံးပစ်လိုက်၏။ လွတ်ချင်ဟန်မတူသော ထိုမိန်းကလေးရဲ့လက်တွေကို ကိုကို့လည်တိုင်ကနေ ဆွဲဖြုတ်ပစ်တာတော့ ကိုကိုမသိလည်းဖြစ်သည့်ခြွင်းချက်ပေါ့။

Shuu!(COMPLETED)Where stories live. Discover now