'ရေးးး...နောက်ဆုံးတော့ တက္ကသိုလ် တက်ရပြီပေါ့'
ကျောင်းကားပေါ်မှာဆင်းလာသော ဖြူဖြူ
ဖွေးဖွေး ကောင်လေးတစ်
ယောက် တက္ကသိုလ်
ကြီးကိုမျက်နှာမူကာ တစ်ယောက်တည်း
ခပ်တိုးတိုးရေရွတ်လိုက်ခြင်း....ကျွန်တော့် အတွက် ပထမဆုံး ရက်မို့ အတော်လေးစိတ်လှုပ်ရှားနေမိတယ် ......
ဘေး ဘီဝဲယာ ဖြတ်လျှောက်သွားတဲ့ ကျောင်းသူ ကျောင်းသားလေးတွေကိုသုံးရာခြောက်ဆယ် ဒီဂရီပတ်လှည်ကြည့်ပြီး လင်းလက်ကာရန် မှတ်ချက်ချလိုက်သည်
"ဆော်ချောလေးတွေများသား ပွတာပဲ"
..................................................................
"ဟဲ့ နင်ဖုန်းကြီးချထားစမ်းပါ ဖုန်းကြီး
တကားကားနဲ့ မျက်စိနောက်တယ်"ဇူးမြတ်စကားကြောင့် ဖုန်းကြီးကိုင်ကာ
ဟိုချိန်ဒီချိန်လုပ်နေတဲ့ သံစဉ် မျက်မှောင်ကုပ်
မိသည်"ငါညက ကြည့်တဲ့ဇာတ်ကားပြောပြမယ်
တကယ်ကြောက်ဖို့ကောင်းတာ....
ပြောရင်းတောင်ကြက်သီးထတယ်သိလား..
သူက ကျောင်းသားလေ ဒါမဲ့
စိတ္တဇလူသတ်သမားကြီး....
ကျောင်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်သတ်တာ...အိမ်း ငါတို့ ကျောင်းမှာလဲရှိရင် ဒုက္ခပါပဲ"ဘေးကနေပွစိပွစိဘာတွေပြောနေမှန်းမသိတဲ့
ဇူးမြတ် ကိုစိတ်ရှုပ်မိသည်....ကိုယ့်ဘာသာ
ကိုယ်အလုပ်ရှုပ်နေတာကို အိမ်က မားသား
တောင်ဇူးမြတ်လောက်မပွားပါ"တိတ်တိတ်နေစမ်း.....သတိကြီးကြီး
နေ နေရတယ် မရှုပ်စမ်းနဲ့"သံစဉ်အပြောကြောင့် ကျောင်းဝင်းထဲဇူး
မြတ်ပတ်ပတ်လည်ကြည့်မိသည်...
တစ်ယောက်ယောက်များလိုက်လာတာ
လားပေါ့.....ပြီးတော့ညကဇာတ်ကားကိုသတိရလာပြီး
လှစ်ခနဲ သံစဉ်အနားအပြေးကပ်
သွားပြီးသံစဉ်လက်မောင်းကိုတင်းနေအောင်
ဖက်ထားလိုက်သည်"ဘာတုန်းဟ...ငြိမ်ငြိမ်နေပါဆို ဘာလို့ငါ့
လက်ကိုအတင်းလာဖက်နေတာတုန်း ဟ"သံစဉ် ဇူးမြတ်ကိုတွန်းဖယ်နေသည်ကို
အတင်းတောက်တဲ့လိုလိုက်တွယ်ကပ်နေတဲ့
မသာမလေး....