[1]

8.2K 393 25
                                    

DoKyungSoo's POV...

"Ommaရေ သား သွားပြီနော်"

"အေးအေး သားရေ ကျူရှင်မှာ စာကိုသေချာလိုက်လုပ်နော်...
ဆရာမပြောစကားကိုလည်း နားထောင်"

"ဟုတ်ကဲ့ပါ Omma"

Ommaအားနှုတ်ဆက်ပြီးသည်နှင့် အိမ်ရှေ့တွင် ရပ်ထားသော စက်ဘီးလေးကိုနင်းကာ Chen၏အိမ်သို့ အရင်ဦးတည်ခဲ့သည်...

ကျွန်တော့နာမည်က DoKyungSoo...

ကျွန်တော့မှာ Appaမရှိတော့ဘူး...

Appaက ကျွန်တော် ငယ်ငယ်လေး ကတည်းကဆုံးသွားတာ...

ခုတော့ Ommaရယ် Ommaအစ်ကို ကျွန်တော့အဘရယ် Ommaအမေ ကျွန်တော့အဖွားနဲ့အတူနေတယ်...

ကျွန်တော့မှာ အရမ်းခင်ရတဲ့ ကျွန်တော့်အပေါ့အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...

သူ့နာမည်က Chenတဲ့...

ကျွန်တော်တို့နှစ်ယောက်လုံးက အထက်တန်း ဒုတိယနှစ်တက်နေတာ...

အခုလည်း စာမေးပွဲကနီးပြီဆိုတော့ ကျူရှင်ကလည်း မှန်မှန်တက်ရမည်...

Ommaမှာ အိမ်ထောင်ဦးစီးယောကျာ်းက ရှိတော့တာမဟုတ်ဘူး...

တစ်နှစ်တစ်တန်း အောင်မြင်အောင် လုပ်သည်...

ကျွန်တော်ကိုယ်တိုင်ကလည်း ဥာဏ်ကောင်းတော့ နည်းနည်းလေးအားစိုက်လိုက်တာနဲ့ အတန်းတင်စာမေးပွဲအောင်မြင်ဖို့ဆိုတာ လွယ်လွယ်ကူကူပင်...

အခုတော့ ကျူရှင်အတူသွားဖို့ Chenရဲ့ အိမ်ရှေ့ကိုရောက်လာလေပြီ...

"Chenရေ သွားမယ်ဟေ့"

"အေးလာပြီ KyungSooရေ"

လူထက် အသံကအရင် ကျွန်တော့ဆီရောက်လာလေ၏...

မသိရင် ဘေးနားကနေ လော်စပီကာနဲ့ လာအော်နေသလားမှတ်ရတယ်...

တော်သေးတာပေါ့ အိမ်ထဲကနေ လှမ်းအော်တာမို့...

မဟုတ်ရင် ကျွန်တော့ရဲ့ နားစည်လေးမတွေးရဲစရာ^_^...

ဒါတောင် သကောင့်သား KimChenက သူ့အသံပါဝါ ပိုကောင်းအောင်ဆိုပြီး ငှက်ပျောသီးကိုတစ်နေ့တစ်လုံး စားနေသေး...

Obviate Difficulties By LoveWhere stories live. Discover now